မန်ယူအသင်း ချိတ်ဆက်နေတဲ့ နည်းပြလောင်း ၅ ဦးနဲ့ နောက်ဆုံး ကြားသိလာရမှုများ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကလပ်ကို ကိုင်တွယ်ပေးဖို့ နည်းပြ ၅ ဦးနဲ့ ချိတ်ဆက်မှုတွေ လုပ်နေပြီး သေချာ ရေရာတဲ့ အနေအထားတွေတော့ ပိုင်ဆိုင်လာခြင်း မရှိသေးပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီနဲ့ ပြောဆို ဆွေးနွေးနေတယ်လို့ ရာသီကုန်ထိ ယာယီကိုင်တွယ်ဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။

ဇီဒန်းဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြသစ်ဖြစ်လာနိုင်တဲ့သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်ပေမယ့် ရီးရဲလ်နည်းပြဟောင်းက ပီအက်စ်ဂျီအသင် းနည်းပြဖြစ်လာဖို့ စောင့်ဆိုင်းနေတာလို့ နားလည်ရပါတယ်။

ယူနိုက်တက်က ပိုချက်တီနိုကို ၎င်းတို့အသင်း နည်းပြအဖြစ် ခန့်အပ်ဖို့ ကနဦး ကြိုးစားမှုကိုတော့ ပီအက်စ်ဂျီဘက်က ပယ်ချသွားပါတယ်။ လူးဝစ် အင်းနရစ်ဟာ ယူနိုက်တက်ရဲ့ နည်းပြရာထူးအတွက် စကားပြောမှုမှာ ပါဝင်မှာ မဟုတ်ဘဲ စပိန်အသင်းနဲ့ ကမ္ဘာဖလား ပြိုင်ဆိုင်ဖို့ပဲ အာရုံစိုက်မှာဖြစ်ပါတယ်။ ဆီးဗီးလာ မန်နေဂျာ လိုပတ်တီဂူကလည်း ယူနိုက်တက် နည်းပြရာထူးကို ငြင်းဆန်ပါတယ်။

ဘက်ဆစ်တပ်အသင်းနဲ့ အေဂျက်အသင်းတို့ရဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း တန်ဟက်က သူဟာ အေဂျက်အသင်းမှာ ပျော်ရွှင်နေသလို လက်ရှိအထိ မန်ချက်စတာ ယူနိုက်တက်အသင်းဆီမှ ကမ်းလှမ်းမှု တစုံတရာ မရရှိသေးကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်လို ထိပ်တန်းအသင်း တသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိလို့ ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တန်ဟက်က “မန်ချက်စတာ ယူနိုက်တက်လိုမျိုး အသင်းကြီး တသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိတဲ့ အတွက် ကျေနပ် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုချိန်မှာ အေဂျက်အသင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ဘယ်သူကမှလည်း ကျွန်တော့်ဆီကို ဆက်သွယ်မှုတွေ မလုပ်ထားပါဘူး။ ဒါကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကျွန်တော်ကတော့ အေဂျက်အသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ပဲ တွေးထားပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။