ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ တို့ အူဂါတီ ကိစ္စ ဘာတွေ ခက်နေသလဲနဲ့ အစားထိုး ပစ်မှတ် ရှာတွေ့ထားတဲ့ မန်ယူနိုက်တက်

ပီအက်စ်ဂျီက ဘင်ဖီကာမှ ဂျာအိုနီဗက်စ်ကို ပေါင် ၅၂ သန်းနဲ့ ဝယ်ယူလိုက်ပြီးနောက် သူတို့ ကွင်းလယ် ကစားသမား အူဂါတီကို ရှင်းထုတ်ဖို့ ဦးစားပေးလာပြီး ယူနိုက်တက်အတွက် အခွင့်ကောင်း ဖြစ်လာပါတယ်။

ယခင် ညှိနှိုင်းမှုများမှာ ပီအက်စ်ဂျီက အူဂါတီ အတွက် ယူရို သန်း ၆ဝ အလိုရှိနေပြီး ယူနိုက်တက်က သန်း ၅ဝ အထိသာ ပေးချင်နေတာပါ။

လက်ရှိမှာတော့ ပီအက်စ်ဂျီဘက်က အူဂါတီ အတွက် ပြောင်းရွှေ့ကြေး ညှိမရရင် တန်ကြေးကောင်းနဲ့ အပြီးဝယ်ခွင့်ပါတဲ့ အငှား Option နဲ့ လွှတ်ဖို့ပါ လမ်းဖွင့်လာပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်ကလည်း အူဂါတီကို ခေါ်ယူရေး မအောင်မြင်ခဲ့ရင် အစားထိုး ပစ်မှတ် အဖြစ် ဘန်လေ ကွင်းလယ်လူ ဆန်ဒါ ဘာ့ချ် ကို ယူနိုက်တက်က စဉ်းစားနေကြောင်း သိရပါတယ်။

ဘန်လေက တန်းဆင်းပြီးနောက် သူတို့ရဲ့ အသက် ၂၆ နှစ် အရွယ် ကွင်းလယ်သမား ဘာ့ချ်ကို ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။

ကြံ့ခိုင်မှု ရှိတဲ့ အပြင် ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကွင်းလယ် တစ်ဦး ဖြစ်တဲ့ ဘာ့ချ်ဟာ ယူနိုက်တက် ရှာဖွေ နေတဲ့ ကွင်းလယ်က တည်ငြိမ်မှု အတွက် ဖြည့်ဆည်းပေးနိုင်မယ့်သူ တစ်ဦး ဖြစ်ပါတယ်။