ဘစ်ဆာကာ အထွက်၊ နောက်ခံလူသစ် အဝင်၊ တော်မီနေးကို ကြိုးစားမယ့် စပါး၊ ရာဘီရော့၊ အူဂါတီတို့နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ယူ နောက်ခံလူ ဝမ် ဘစ်ဆာကာက ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီ လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် ၁ဝ သန်း ဝန်းကျင်လို့ ဖြစ်ပါတယ်။

ယူနိုက်တက် ဟာ ဘစ်ဆာကာ ကို ရောင်းချပြီးတာနဲ့ ဘိုင်ယန် နောက်ခံလူ Mazraoui ကို ခေါ်ယူမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး အတွက် ဖူလ်ဟမ်အသင်း ရဲ့ ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပယ်ချခံရတဲ့နောက် စပါးအသင်းက ဝင်ရောက်ကြိုးပမ်းဖို့ ပြင်ဆင်နေပါတယ်။

နောက်ခံလူသစ် ယိုရို ဒဏ်ရာရသွားတာကြောင့် ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် ခံစစ်မှူး ဒီလစ်ကို ခေါ်ယူရေး အရှိန်တင်လာဖို့ ရှိနေပါတယ်။

ဒါ့အပြင် တိုက်စစ်မှုး ဟွိုင်လန်းနဲ့ အန်တိုနီ တို့လည်း ဒဏ်ရာ ရသွားတာကြောင့် ယူနိုက်တက်က တိုက်စစ်မှုးသစ် ခေါ်ယူဖို့ပါ စီစဉ်နေပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ် အူဂါတီကို ခေါ်ယူရေး မအောင်မြင်ခဲ့ရင် အစားထိုး ပစ်မှတ် အဖြစ် ဘန်လေ ကွင်းလယ်လူ ဆန်ဒါ ဘာ့ချ် ကို ယူနိုက်တက်က စဉ်းစားနေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီက အူဂါတီ အတွက် ယူရို သန်း ၆ဝ အလိုရှိနေပြီး ယူနိုက်တက်က သန်း ၅ဝ အထိသာ ပေးချင်နေတာပါ။

ဒါပေမယ့် ပီအက်စ်ဂျီက ဘင်ဖီကာမှ ဂျာအိုနီဗက်စ်ကို ပေါင် ၅၂ သန်းနဲ့ ဝယ်ယူလိုက်ပြီးနောက် အူဂါတီကို ရှင်းထုတ်ဖို့ ဦးစားပေးလာပြီး ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး ညှိမရရင် အပြီးဝယ်ခွင့်ပါတဲ့ အငှားနဲ့ လွှတ်ဖို့ပါ လမ်းဖွင့်လာပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးတို့ ပစ်မှတ်ထားနေတဲ့ ပြင်သစ် ကွင်းလယ်သမား ရာဘီရော့ က သူလိုချင်တဲ့ လုပ်ခလစာသာ ရမယ် ဆိုရင် ယူနိုက်တက်ထံ ပြောင်းရွှေ့လိုနေပါတယ်။

အလွတ်နဲ့ ခေါ်နိုင်မယ့် ရာဘီရော့ က တစ်နှစ် လုပ်ခက ပေါင် ၁ဝ သန်းခွဲ အလိုရှိနေပြီး ဒါဟာ လက်ရှိ ကာဆီမီရို လစာလောက် ရှိပါတယ်။