ကွင်းထဲ လိုက်မဆော့ဘဲ အပျင်းကြီးနေတဲ့ မက်ဆီ၊ နေမာ၊ ဘာပေတို့ ဝေဖန်မှုတွေ ခံနေရ

မနေ့ညက မန်စီးတီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီ တိုက်စစ် ကစားသမားသုံးယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေ တို့ဟာ အသင်းဖော်တွေနဲ့ အတူ ကူညီလိုက် မကစားဘဲ ကွင်းထဲ လမ်းလျှောက်နေခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေ ခံနေရပါတယ်။

ထိုပွဲရဲ့ ပထမပိုင်းအပြီးမှာတင် မှတ်တမ်းဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး မန်စီးတီးက တိုက်စစ်ဆင်ဖို့ ကြိုးစားနေချိန်မှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်လုံး ကွင်းလယ် စက်ဝိုင်းနားမှာ လမ်းလျှောက်နေခဲ့တာပါ။

အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ မန်စီးတီးဟာ ပထမအကျော့ အဝေးကွင်းပွဲကလိုပဲ အသာစီးကစားခဲ့ပြီး အဲ့ဒီပွဲကလို အမှားအယွင်း မရှိအောင်၊ မရှုံးနိမ့်အောင် ဂရုစိုက်ခဲ့ကာ ပီအက်စ်ဂျီကို တရစပ် ထိုးစစ်ဆင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ဂိုးသမား နာဗက်စ်နဲ့ နောက်တန်းတို့ အမှားအယွင်း များများစားစားမရှိခဲ့တာကြောင့်သာ ဂိုးတွေ တလှေကြီး မပေးခဲ့ရတာပါ။ ပီအက်စ်ဂျီ တိုက်စစ်က မန်စီးတီးဂိုးပေါက်ကို (၂) ကြိမ်သာ တည့်အောင် ခြိမ်းခြောက်နိုင်ခဲ့ပြီး ဒီအပေါ်မှာလည်း ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။

လီဗာပူး ခံစစ်ဟောင်း ကာရေဂါက ဆို မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ကို ထိန်းရမယ့် အစား သူသာဆို မန်ယူအသင်းကိုပဲ သွားကိုင်တော့မယ်လို့ပါ ထုတ်ပြောခဲ့ပါတယ်။

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ ခံစစ်ကို မကူတဲ့ ကိစ္စအပေါ် ကျွမ်းကျင်သူတွေကလည်း အရင်တည်းက ဝေဖန်ထားပြီး ပိုချက်တီနိုကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမယ့်ပုံ မပေါ်ပါဘူး။

ဒီကစားသမားသုံးယောက်က အသင်းမှာ နည်းပြထက်တောင် တန်ခိုးအာဏာကြီးမားတယ်လို့ဆိုနိုင်ပြီး တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်သည့်တိုင် အသင်းလိုက် ချိတ်ဆက် ကစားနိုင်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေသေးတာ အမှန်ပဲ ဖြစ်ပါတယ်။

ZG

မေန႔ညက မန္စီးတီးကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပီအက္စ္ဂ်ီ တိုက္စစ္ ကစားသမားသုံးေယာက္ျဖစ္တဲ့ မက္ဆီ၊ ေနမာ၊ အမ္ဘာေပ တို႔ဟာ အသင္းေဖာ္ေတြနဲ႕ အတူ ကူညီလိုက္ မကစားဘဲ ကြင္းထဲ လမ္းေလွ်ာက္ေနခဲ့တာေၾကာင့္ ေဝဖန္ျပစ္တင္မႈေတြ ခံေနရပါတယ္။

ထိုပြဲရဲ႕ ပထမပိုင္းအၿပီးမွာတင္ မွတ္တမ္းဓာတ္ပုံေတြ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး မန္စီးတီးက တိုက္စစ္ဆင္ဖို႔ ႀကိဳးစားေနခ်ိန္မွာ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ သုံးေယာက္လုံး ကြင္းလယ္ စက္ဝိုင္းနားမွာ လမ္းေလွ်ာက္ေနခဲ့တာပါ။

အိမ္ကြင္းမွာ ဧည့္ခံကစားခဲ့တဲ့ မန္စီးတီးဟာ ပထမအေက်ာ့ အေဝးကြင္းပြဲကလိုပဲ အသာစီးကစားခဲ့ၿပီး အဲ့ဒီပြဲကလို အမွားအယြင္း မရွိေအာင္၊ မရႈံးနိမ့္ေအာင္ ဂ႐ုစိုက္ခဲ့ကာ ပီအက္စ္ဂ်ီကို တရစပ္ ထိုးစစ္ဆင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီ ဂိုးသမား နာဗက္စ္နဲ႔ ေနာက္တန္းတို႔ အမွားအယြင္း မ်ားမ်ားစားစားမရွိခဲ့တာေၾကာင့္သာ ဂိုးေတြ တေလွႀကီး မေပးခဲ့ရတာပါ။ ပီအက္စ္ဂ်ီ တိုက္စစ္က မန္စီးတီးဂိုးေပါက္ကို (၂) ႀကိမ္သာ တည့္ေအာင္ ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ဒီအေပၚမွာလည္း ေဝဖန္ျပစ္တင္မႈေတြရွိေနပါတယ္။

လီဗာပူး ခံစစ္ေဟာင္း ကာေရဂါက ဆို မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ သံုးေယာက္ကို ထိန္းရမယ့္ အစား သူသာဆို မန္ယူအသင္းကိုပဲ သြားကိုင္ေတာ့မယ္လို႔ပါ ထုတ္ေျပာခဲ့ပါတယ္။

မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ ခံစစ္ကို မကူတဲ့ ကိစၥအေပၚ ကြၽမ္းက်င္သူေတြကလည္း အရင္တည္းက ေဝဖန္ထားၿပီး ပိုခ်က္တီႏိုကေတာ့ ဒီျပႆနာကို ေျဖရွင္းဖို႔ ၾကိဳးစားမယ့္ပုံ မေပၚပါဘူး။

ဒီကစားသမားသုံးေယာက္က အသင္းမွာ နည္းျပထက္ေတာင္ တန္ခိုးအာဏာႀကီးမားတယ္လို႔ဆိုႏိုင္ၿပီး တစ္ဦးခ်င္း စြမ္းေဆာင္ရည္ ေကာင္းမြန္သည့္တိုင္ အသင္းလိုက္ ခ်ိတ္ဆက္ ကစားႏိုင္မႈအပိုင္းမွာ အားနည္းခ်က္ေတြရွိေနေသးတာ အမွန္ပဲ ျဖစ္ပါတယ္။