လီဗာပူးကို ရှုံးတာထက် မန်ချက်စတာ ယူနိုက်တက်ကို ထိခိုက်မှုကြီးသွားစေတဲ့ ယနေ့ပွဲ ဒဏ်ရာကိစ္စများ
ဒီနေ့ အမေရိကန်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲမှာ လီဗာပူးကို ရှုံးတာထက် ပိုပြီး ထိခိုက်မှုကြီးသွားစေတဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် အစွန် နောက်ခံလူ ဝမ်ဘစ်ဆာကာ ဒဏ်ရာ ရသွားပြီး လူစားလဲခဲ့ရတာပါ။ ဘစ်ဆာကာ ဟာ ဒီနွေမှာ ယူနိုက်တက် ရောင်းချဖို့ စီစဉ်ထားသူပါ။
ဝက်စ်ဟမ်းအသင်းထံ ဘစ်ဆာကာ ကို ရောင်းချဖို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ပြီး အင်္ဂလန်သားကို ထုတ်ရောင်းပြီးမှသာ နောက်ထပ် ခံစစ် ကစားသမားသစ် ဆက်လက် ခေါ်ဖို့ ယူနိုက်တက်က ချိတ်ထားတာ ဖြစ်ပါတယ်။

ဘိုင်ယန် နောက်ခံလူ mazraoui ကို ဘစ်ဆာကာကို ရောင်းပြီးတာနဲ့ တန်းခေါ်ဖို့ စီစဉ်ထားသလို ဗဟိုခံစစ်သမား ဒီလစ်ကိုလည်း သဘောတူညီမှု ရထားပြီး ဆက် လှုပ်ရှားဖို့ တာစူနေခဲ့တာပါ။
ဒါကြောင့် ဘစ်ဆာကာ ကို ရောင်း မထွက်ရင် ယူနိုက်တက်တို့ ကစားသမား ခေါ်ယူဖို့ ဘယ်နေရာကို ဦးစားပေးနိုင်မလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
နောက်ထပ် ဒဏ်ရာ ရသွားတာကတော့ ဗဟိုခံစစ် လူငယ် ကစားသမားလေး Will Fish ဖြစ်ပြီး ခြေကျင်းဝတ် ဒဏ်ရာ ဖြစ်ဖွယ် ရှိတာကြောင့် တန်ဟက်ရဲ့ ပလန်တွေ အတွက်လည်း အနှောင့်အယှက် ဖြစ်ဖွယ် ရှိနေပါတယ်။