ကစားသမားတွေ ဘက်က လာဖို့ တကြွကြွ ဖြစ်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်က မလှုပ်လာသေးလို့ အခက်တွေ့နေတဲ့ အခြေအနေများ
မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ကစားသမား ခေါ်ယူ ချိတ်ဆက်မှုတွေ၊ ကစားသမားတွေနဲ့ ညှိနှိုင်း သဘောတူညီမှု ရပြီးသားတွေ ရှိပေမယ့် တရားဝင် ကမ်းလှမ်းမှု လှုပ်ရှားမှုတွေ မလုပ်သေးလို့ ကစားသမားတွေ ဘက်က ပြန် စောင့်နေရတဲ့ အနေအထားတွေ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဒီလစ်နဲ့ ညာနောက်ခံလူ မာဇာရာအူယီတို့ နှစ်ယောက်ပေါင်း အတွက် ယူရို သန်း(၇၀) ပေါင် သန်း(၆၀)လောက်အထိ အသုံးပြုပြီး ကမ်းလှမ်းသွားရဖို့ ရှိနေပါတယ်။
ဘိုင်ယန် ကစားသမား (၂)ယောက်လုံးကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့လည်း စိတ်အားထက်သန်လို့နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပါတ်လောက်က ပုဂ္ဂိုလ်ရေးအရ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်တဲ့ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား မန်နျူရယ် အူဂါတီ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ချဉ်းကပ်မှုကို စောင့်ဆိုင်းနေပါတယ်။
အူဂါတီကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေသူပါပဲ။ မန်ချက်စတာ ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ အသင်းတို့ကတော့ စာချုပ်ထဲ ဘယ်လို အချက်အလက်တွေ ထည့်သွင်းချုပ်ဆိုမလဲဆိုတာကို ဆွေးနွေး ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။
ကွင်းလယ် နေရာ အတွက်တော အူဂါတီ က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဦးစားပေး ပစ်မှတ်ပါပဲ။ အခြားတဖက်မှာတော့ ယူနိုက်တက်တို့ အမရာဘတ် ကိုလည်း ထည့်သွင်းစဉ်းစားထားကြပါတယ်။