ရာသီကြိုက ခြေစွမ်းကြောင့် ယူနိုက်တက် ပွဲထွက်စာရင်းကနေ ချန်လှပ်ဖို့ တောင်းဆိုခံနေရတဲ့ ကတ်စ်မဲရိုး
မန်ချက်စတာယူနိုက်တက် ရဲ့ ဒီရာသီကြို ခြေစမ်းပွဲတွေ ပြီးဆုံးသွားတဲ့နောက် ယူနိုက်တက် ပရိသတ်တွေဟာ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ခြေစွမ်းအပေါ် စိတ်ပျက်နေကြပြီး လာမဲ့ရာသီကျရင် ပွဲထွက် မသုံးဖို့ နည်းပြအဲရစ်တန်ဟက်ကို တိုက်တွန်းနေကြပါတယ်။
လီဗာပူးလ်ကို ၃-၀ ဂိုးပြတ်ရှုံးနိမ့်တဲ့ခြေစမ်းပွဲမှာ ပထမပိုင်း ၉ မိနစ်မှာပဲ ကာဗယ်လ်ဟိုက ကတ်စ်မဲရိုးကို တစ်ချက်ခေါက်ပြီးတော့ ကန်သွင်းခဲ့တာဖြစ်ပြီး ကတ်စ်မဲရိုးဟာ ဘောလုံးတားဆီးဖို့် ကြိုးစားရင်းကနေ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ဘဲ ချော်လဲခဲ့ပါတယ်။
အဲဒီအတွက် ယူနိုက်တက်ပရိသတ်တွေဟာ ကတ်စ်မဲရိုးကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး အွန်လိုင်းမှာ ဝေဖန်ရေးသားနေကြတာပါ။

အသက် ၃၀ အရွယ်မှာ ကတ်စ်မဲရိုးဟာ မြင့်မားတဲ့ပြောင်ရွှေ့ကြေးနဲ့ ယူနိုက်တက်ကို ရောက်လာပြီး တပတ် လစာ ပေါင် ၂၅၀,၀၀၀ ကျော်အထိရနေတာတောင်မှ သူက ဆော်ဒီလိဂ်မှာကစားရင်တောင် ပွဲထွက်ခွင့်မရလောက်တဲ့ ခြေစွမ်းမျိုး ပြသခဲ့ပါတယ် လို့ ခပ်ပြင်းပြင်း ပြောဆိုမှုတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ကတ်စ်မဲရိုးဟာ အသင်းအတွက် အကြီးမားဆုံးပြဿနာ ဖြစ်လာနေပြီး လစာ အများကြီး ပေးထားရတာတောင် အသက်ကြီးလေ ခြေစွမ်းညံ့လေ လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သူ ကတ်စ်မဲရိုးဟာ ၂၀၂၂-၂၃ ရာသီက ရီးယဲလ်ကနေ ယူနိုက်တက်ကို ပေါင်သန်း ၇၀ နဲ့ရောက်ရှိခဲ့ပြီး ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ရုန်းကန်ခဲ့ရပါတယ်။
အခုနွေရာသီအပြောင်းအရွှေ့အတွင်း ယူနိုက်တက်အသင်းက ကတ်စ်မဲရိုးကို ရောင်းချဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး ဆော်ဒီထိပ်သီးကလပ် အယ်လ်အစ်တီဟတ် အသင်းက ကတ်စ်မဲရိုးကို ပစ်မှတ်ထားနေပါတယ်။