ချယ်ဆီးဘက်က ပေါင် ၄၂ သန်းလောက်နဲ့ ရောင်းချင်နေတဲ့ တိုက်စစ်သမားကို လီဗာပူး ချိန်ရွယ်
လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းရဲ့ အမေရိကန် တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ်ကို ခေါ်ယူဖို့ မျက်စိကျနေတယ် လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ပူလီဆစ်ကို ချယ်ဆီးအသင်းဘက်ကနေ ပေါင်(၄၂)သန်းလောက်နဲ့ ရောင်းထုတ်ချင်နေတယ်လို့ စပိန်သတင်းက ဆိုပါတယ်။
အသက်(၂၃)နှစ် အရွယ်ရှိ အမေရိကန်လက်ရွေးစင် ကစားသမား ပူလီဆစ်ဟာ လီဗာပူးလ်အသင်းရဲ့ နည်းပြကြီးဖြစ်တဲ့ ယာဂန်ကလော့ပ်နဲ့အတူ ဒေါ့မွန်အသင်းမှာ တွဲဖက်ခဲ့ဖူးကြတဲ့ ဆရာတပည့်ဟောင်းတွေ ဖြစ်ပါတယ်။
လက်ရှိမှာ ပူလီဆစ်က ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရပြီးနောက် ချယ်ဆီးအသင်းမှာ နေရာတစ်ခု ပြန်လည်ရယူနိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီအခြေအနေကို အခွင့်ကောင်း ယူပြီး ပူလီဆစ်ကို ခေါ်ဖို့ လီဗာပူးက စိတ်ဝင်စားလာသလို အမေရိကန်သားကို ဘာစီလိုနာ အသင်းကလည်း ခေါ်ယူချင်နေတာ ဖြစ်တယ်လို့ မီဒီယာတွေကနေ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းက အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ပူလီဆစ်ကို အငှားစာချုပ်နဲ့သာ ကမ်းလှမ်းနိုင်မှာဖြစ်ပြီး လီဗာပူးအသင်းနဲ့လည်း အပြိုင်ကမ်းလှမ်းနိုင်ဖွယ် မရှိတာကြောင့် ပူလီဆစ်ကို လီဗာပူးအသင်းကသာ တစ်သင်းတည်း ကမ်းလှမ်းရနိုင်ပါတယ်။
၂၀၁၉ တုန်းက ဒေါ့မွန်ကနေ ချယ်ဆီး အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅၈)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ပူလီဆစ်ဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသငးအတွက် ပွဲပေါင်း(၈၃) ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း(၁၉)ဂိုးနဲ့ ဂိုးဖန်းတီးမှု (၁၄)ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဒီရာသီမှာက ဒဏ်ရာပြသာနာတွေကြောင့် ပွဲပေါင်း(၆)ပွဲသာ ကစားထားနိုင်ပါတယ်။

ZG
လီဗာပူးအသင္းဟာ ခ်ယ္ဆီးအသင္းရဲ႕ အေမရိကန္ ေတာင္ပံတိုက္စစ္ကစားသမား ခရစၥတီယန္ ပူလီဆစ္ကို ေခၚယူဖို႕ မ်က္စိက်ေနတယ္ လို႔ စပိန္သတင္းမီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။ ပူလီဆစ္ကို ခ်ယ္ဆီးအသင္းဘက္ကေန ေပါင္(၄၂)သန္းေလာက္နဲ႔ ေရာင္းထုတ္ခ်င္ေနတယ္လို႔ စပိန္သတင္းက ဆိုပါတယ္။
အသက္(၂၃)ႏွစ္ အ႐ြယ္ရွိ အေမရိကန္လက္ေ႐ြးစင္ ကစားသမား ပူလီဆစ္ဟာ လီဗာပူးလ္အသင္းရဲ႕ နည္းျပႀကီးျဖစ္တဲ့ ယာဂန္ကေလာ့ပ္နဲ႔အတူ ေဒါ့မြန္အသင္းမွာ တြဲဖက္ခဲ့ဖူးၾကတဲ့ ဆရာတပည့္ေဟာင္းေတြ ျဖစ္ပါတယ္။
လက္ရွိမွာ ပူလီဆစ္က ဒဏ္ရာျပသာနာေတြနဲ႔ ႐ုန္းကန္ေနရၿပီးေနာက္ ခ်ယ္ဆီးအသင္းမွာ ေနရာတစ္ခု ျပန္လည္ရယူႏိုင္ဖို႔ ခက္ခဲေနတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရတာပါ။
ဒီအေျခအေနကို အခြင့္ေကာင္း ယူျပီး ပူလီဆစ္ကို ေခၚဖို႔ လီဗာပူးက စိတ္ဝင္စားလာသလို အေမရိကန္သားကို ဘာစီလိုနာ အသငး္ကလည္း ေခၚယူခ်င္ေနတာ ျဖစ္တယ္လို႔ မီဒီယာေတြကေန ေဖာ္ျပထားပါတယ္။
ဒါေပမယ့္ ဘာစီလိုနာအသင္းက အသင္းရဲ႕ ဘ႑ာေရး အေျခအေနေတြေၾကာင့္ ပူလီဆစ္ကို အငွားစာခ်ဳပ္နဲ႔သာ ကမ္းလွမ္းႏိုင္မွာျဖစ္ၿပီး လီဗာပူးအသင္းနဲ႔လည္း အၿပိဳင္ကမ္းလွမ္းႏိုင္ဖြယ္ မရွိတာေၾကာင့္ ပူလီဆစ္ကို လီဗာပူးအသင္းကသာ တစ္သင္းတည္း ကမ္းလွမ္းရႏိုင္ပါတယ္။
၂၀၁၉ တုန္းက ေဒါ့မြန္ကေန ခ်ယ္ဆီး အသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၅၈)သန္းနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ ပူလီဆစ္ဟာ လက္ရွိအခ်ိန္ထိ ခ်ယ္လ္ဆီးအသငးအတြက္ ပြဲေပါင္း(၈၃) ပါဝင္ကစားထားခဲ့ၿပီး သြင္းဂိုးေပါင္း(၁၉)ဂိုးနဲ႔ ဂိုးဖန္းတီးမႈ (၁၄)ႀကိမ္အထိ ျပဳလုပ္ထားပါတယ္။ ဒီရာသီမွာက ဒဏ္ရာျပသာနာေတြေၾကာင့္ ပြဲေပါင္း(၆)ပြဲသာ ကစားထားႏိုင္ပါတယ္။