စူပါကွန်ပျူတာရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ခန့်မှန်းချက်မှာ မန်ယူအသင်း ဘယ်အဆင့်မှာ ရှိနေ
August 8, 2024 | | No Comments
လာမယ့် ၂၀၂၄-၂၅ ဘောလုံးအတွက် နာမည်ကြီး စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်တွေ ထွက်ပေါ်နေရာ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် ရမယ်လို့ ဆိုထားပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ ကတော့ မန်ချက်စတာ စီးတီးအသင်းကပဲ ထပ်ဖြစ်ဦးမှာ ဖြစ်ပြီး အာဆင်နယ်တို့ ၃ ရာသီမြောက် ကပ်လွဲ ဒုတိယလူ ဖြစ်ဦးမယ် လို့ စူပါကွန်ပျူတာကတော့ ခန့်မှန်း တွက်ထုတ်ပါတယ်။
ထိုနှစ်သင်းနောက် Top 4 ထဲမှာတော့ အဆင့် ၃ က လီဗာပူး၊ အဆင့် ၄ ကို မန်ချက်စတာ ယူနိုက်တက် လို့ စူပါကွန်ပျူတာက ဖော်ပြခဲ့ပါတယ်။
တန်းဆင်းမယ့် ၃ သင်းကတော့ တက်လာခဲ့တဲ့ လက်စတာစီးတီး၊ ဆောက်သမ်တန်နဲ့ အစ်ဝစ်ချ် အသင်းတို့ပဲ တခါတည်း တန်းပြန်ဆင်းမယ် လို့ ဆိုပါတယ်။

နာမည်ကြီး စူပါကွန်ပျူတာ BETSiE တွက်ထုတ်ထားတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား 1 to 10 က အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- Manchester City
- Arsenal
- Liverpool
- Manchester United
- Chelsea
- Tottenham
- Newcastle United
- Aston Villa
- West Ham
- Crystal Palace