အန်တိုနီကို ခေါ်ချင်တဲ့ ကလပ်၊ ကွင်းသစ်ပလန်၊ ဆန်ချိုနဲ့ ပီအက်စ်ဂျီ၊ ကွင်းလယ်လူသစ် ခေါ်ယူရေးနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းသစ်တည်ဆောက်ဖို့ ပြင်ဆင်နေပေမယ့် လက်ရှိကွင်းနေရာမှာပဲ ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းတိုက်စစ် ကစားသမား ဆန်ချိုကို ပီအက်စ်ဂျီ အသင်းထံ ရောင်းချနိုင်ဖို့ ဆွေးနွေးနေပါတယ်။

ပြီးခဲ့တဲ့ရာသီ ပီအက်စ်ဂျီ နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ခြေစွမ်းပြသခဲ့ပြီးနောက် ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ မျက်စိကျနေပြီး မန်ယူအသင်း သက်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေးချေဖို့ ဆန္ဒရှိနေပါတယ်။

ဘာစီလိုနာ တိုက်စစ်သမား ရာဖင်ညာကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဆော်ဒီကလပ် အယ်နက်ဆာ အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား အန်တိုနီကို စိတ်ဝင်စားလာပါတယ်။

အင်တာမီလန် နာက်ခံလူ ဒမ်ဖရိုင်းစ် ကတော့ အင်တာရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ မန်ယူအသင်းထံပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းရရှိပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ချိန်ရွယ်ခဲ့တဲ့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ် ကစားသမား ဇူဘီမန်ဒီ ဟာ လီဗာပူး အသင်းထံ ရောက်ဖို့ ရေပန်းစားလာနေပါတယ်။

အူဂါတီကို ခေါ်ယူနိုင်ခြင်း မရှိတော့တဲ့ ယူနိုက်တက်ဟာ အတ္တလန်တာအသင်းမှ ဘရာဇီးသားကွင်းလယ်လူ အီဒါဆန်ကို ချိတ်ဆက်ဖွယ် ရှိနေပါတယ်။

တော်မီနေးကို ဖူလ်ဟမ်အသင်းထံ ပေါင် ၂၅ သန်းဖြင့် ရောင်းချနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ကွင်းလယ် ပြန်အစားထိုးဖို့ စာရင်းမှာ ဘန်လေအသင်းမှာ ဆန်ဒါဘာ့ဂျ် ပါဝင်လာပါတယ်။