နောက်ခံလူသစ် နှစ်ဦး ရလိုက်ခြင်း၊ ဆန်ချို၊ ရက်ဖို့ဒ်၊ ကွန်မြူနတီဒိုင်း ရှုံးပွဲ နောက်ဆက်တွဲများနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟတ် ကတော့ ကွန်မြူနတီဒိုင်းရှုံးပွဲကို သင်ခန်းစာရယူပြီး စိတ်ခွန်အားအဖြစ် ပြန်လည် အသုံးပြုဖို့ အသင်းသားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညကပဲ ဘိုင်ယန်မြူးနစ် နောက်ခံလူတွေ ဖြစ်တဲ့ ဒီလစ်ဂျ် နဲ့ မာရာဇာဝီတို့ကို ပေါင် ၄၃ သန်း၊ ၁၇ သန်း စတဲ့ ပမာဏတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ ကွန်မြူနတီဒိုင်းပွဲ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆန်ချိုကို အပြစ်တင်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။

ဒါပေမယ့် မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲရလဒ်က မိမိအတွက် နာကျင်စရာ ဖြစ်စေခဲ့ကြောင်း တန်ဟက်က ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ အိုဘီမာတင်ရဲ့ အကယ်ဒမီ ပြောင်းရွှေ့ကြေးအတွက် ညိနှိုင်းစကားပြောနေပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် ပြီးခဲ့တဲ့ရာသီက ကျရှုံးမှုတွေကို ပြန်လည် ချေဖြတ်ဖို့ အသင့်ဖြစ်နေပြီ ဆိုပြီး ပရိသတ်တွေကို ကြိုတင် သတိပေး ပြောဆိုသွားခဲ့ပါတယ်။ ရက်ဖို့ဒ်က ညက ကွန်မြူနတီဒိုင်းပွဲမှာတော့ ဂိုးရှေ့မှာ ကြောင်ပျောက်နေဆဲ ဖြစ်နေပါတယ်။