ဆန်ချို လွဲခဲ့ပေမယ့် ပင်နယ်တီ ကန်ခွင့် ဆက်ပေးနေမှာပါ ဆိုတဲ့ နည်းပြ အဲရစ်တန်ဟက်ရဲ့ သဘောထား

မနေ့ညက မန်ချက်စတာဒါဘီ ကွန်မြူနတီဒိုင်းပွဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြစဉ်မှာ မန်ချက်စတာ ယူနိုက်တက် တောင်ပံက ရဲ့ ယုံကြည်မှုကို ဆက်လက် ရရှိနေဆဲလို့ သိရပါတယ်။

မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ပုံမှန်ပွဲချိန်အတွင်း ဂါနာချိုနဲ့ ဘာနာဒို ဆေးလ်ဗားတို့က တစ်ဂိုးစီ သွင်းယူခဲ့ကြလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ထိ ရောက်ရှိလာချိန်မှာ စီးတီးဘက်က ဆေးလ်ဗားသာ ပင်နယ်တီ မဝင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဆန်ချိုနဲ့ အီဗန်စ်တို့ ပင်နယ်တီ လွဲချော်ခဲ့ရင်း ဆုဖလားနဲ့ပါ လွဲချော်ခဲ့ရပါတယ်။

ဆန်ချိုဟာ မနှစ်က ဘောလုံးရာသီမှာလည်း နည်းပြ တန်ဟက် နဲ့ အဆင်မပြေ ဖြစ်ခဲ့ရလို့ အသင်းရဲ့ လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပြီး အသင်းဟောင်း ဒေါ့မွန်ဆီကိုလည်း ရာသီဝက် အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒေါ့မွန်နဲ့ အငှားသက်တမ်း ပြည့်သွားလို့ ယူနိုက်တက်ဆီ ပြန်ရောက်လာချိန်မှာ တန်ဟက် နဲ့ အဆင်ပြေသွားခဲ့ပြီး ပွဲကစားခွင့်တွေလည်း ပြန်လည် ရရှိလာခဲ့တာပါ။

အသင်းအတွက် အရေးကြီးတဲ့ အချိန်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သက်ပြီး တန်ဟက် က အပြစ်တင်လို စိတ်မရှိဘဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ သူနဲ့ ပတ်သက်ပြီး ဘာသံသယမှကို မရှိပါဘူး။ သူက ပင်နယ်တီ ကန်သွင်းမှုကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ အနာဂတ်မှာလည်း သူက ပင်နယ်တီတွေကို ဆက်လက် ကန်သွင်းနေရဦးမယ်ဆိုတာ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆန်ချိုဟာ ဝင်ဘလေမှာပဲ အင်္ဂလန်နဲ့ အီတလီအသင်းတို့ ယူရို-၂၀၂၀ ဖိုင်နယ်ပွဲစဉ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း အင်္ဂလန်အတွက် ပင်နယ်တီ ကန်သွင်းချက် လွဲချော်ခဲ့ရသူလည်း ဖြစ်ပါတယ်။

တန်ဟက် အနေနဲ့ ဆန်ချိုအပေါ် အခုလို ယုံကြည်မှု အပြည့်အဝ ပေးထားပေမယ့်လည်း ဆန်ချိုရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ အာမခံချက်အပြည့် မရှိသေးပဲ သူ့ကို ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်အသင်းတို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေကြသလို အခုနွေဈေးကွက် မပိတ်ခင်မှာပဲ အသင်းအပြောင်းအလဲပါ ဖြစ်လာနိုင်ပါတယ်။