ဒီလစ်၊ မာဇာရာဝီတို့ ရောက်လာခြင်းနဲ့ ကျောနံပါတ် သစ်များ၊ အူဂါတီ ဒီဂျောင်တို့နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘိုင်ယန်မြူးနစ် နောက်ခံအတွဲ ဖြစ်တဲ့ ဒီလစ်ဂျ် နဲ့ မာဇာရာဝီ တို့ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အဆိုပါ ကစားသမား ၂ ယောက်အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင် သန်း ၆၀ ပေးချေခဲ့ရပြီး အဆိုပါ ကစားသမား ၂ ယောက်စလုံးကလည်း အေဂျက်မှာကတည်းက တန်ဟတ် လက်အောက်မှာ ကစားခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ကွင်းလယ်ပိုင်း ထပ်မံအားဖြည့်ဖို့အတွက် ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား အူဂါတီကို ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းရရှိပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဘစ်ဆာကာကို ပေါင် ၁၅ သန်းနဲ့ တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မန်ချက်တာ ယူနိုက်တက် ဟာ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီဂျောင်ကို ပေါင် ၄၂.၇ သန်းနဲ့ ကမ်းလှမ်းခဲ့သလို ယခုတစ်ခေါက်မှာလည်း ဈေးထပ်တိုး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။

ဒီလစ် ဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၄ ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။ နံပါတ် ၄ ဟာ ဖီးဂျုံးစ် တောက်လျောက် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကတော့ အမ်မရာဘတ် ဝတ်ဆင်ခဲ့တာပါ။

မာဇာရာဝီ ကတော့ ကျောနံပါတ် ၃ ကို ဝတ်ဆင်မှာပါ။ နံပါတ် ၃ ကတော့ အရင် အဲရစ် ဘိုင်လီ ဝတ်ခဲ့သလို ပတ်ထရစ် အီဗရာလည်း ဝတ်ဆင်ခဲ့တဲ့ နံပါတ် ဖြစ်ပါတယ်။