ကွင်းလယ်ခံစစ်သမားအား ခေါ်ယူနိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက်ကို လီဗာပူးနဲ့အပြိုင် ကမ်းလှမ်း
ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ဒီနွေစျေးကွက်မှာ ကစားသမား ခေါ်ယူရေး အပြိုင်ဖြစ်လာဖို့ ရှိနေပါတယ်။
ကလပ်နှစ်သင်းလုံးဟာ ကွင်းလယ်ခံစစ်နေရာ အားဖြည့်ဖို့ ရည်မှန်းနေကြကာ စျေးကွက်တွင်းကနေ သင့်လျော်တဲ့ ကမ်းလှမ်းမှုလုပ်နိုင်မယ့် အခွင့်အရေး ရှာဖွေနေကြတာပါ။
လီဗာပူးကွင်းလယ်မှာ အသက် ၃၁ နှစ်အရွယ် အန်ဒို တစ်ဦးတည်း ကွင်းလယ်ခံစစ်သမား ရှိထားသလို ယူနိုက်တက်မှာလည်း အသက် ၃၃ နှစ်အရွယ် ကာဆီမီရို တစ်ဦးပဲ ရှိထားပါတယ်။
လက်ရှိမှာ ကာတာကလပ် Al-Arabi အသင်းက သူတို့အသင်းရဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူ ဗာရက်တီကို ဒီနွေမှာ ခေါ်ယူနိုင်ကြောင်း လီဗာပူးနဲ့ ယူနိုက်တက်တို့ကို ချိတ်ဆက်ထားတယ်လို့ သိရတယ်။
တချိန်က ဥရောပကလပ်တိုင်း အလိုရှိခဲ့ကြတဲ့ အီတလီ ကွင်းလယ်လူ ဗာရက်တီဟာ အကောင်းဆုံး အသက်အရွယ်မှာ ပီအက်စ်ဂျီကနေ ကာတာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီရာသီမှာ ဥရောပကို ပြန်လာဖို့ ရည်မှန်းနေပြီး အင်္ဂလန်ထိပ်တန်း ကလပ်တွေဘက်က ကစားသမားကို ခေါ်ယူခွင့်အား စိတ်ဝင်စားကြမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။