ဒီရာသီ စီးတီးရဲ့ ပြိုင်ဘက် စာရင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ထည့်သွင်းထားတဲ့ ပက် ဂွာဒီယိုလာ
မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာကတော့ ဘောလုံးရာသီ ပြန်လည် စတင်ချိန်မှာ သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ အသင်းတွေ အကြောင်း သုံးသပ်ခဲ့ရာ မန်ချက်စတာ ယူနိုက်တက်ကိုလည်း ထည့်သွင်းထားပါတယ်။
ပက် က ” ပြိုင်ဘက်တွေ ဆိုရင် အာဆင်နယ် အကြောင်းက အကျယ်တဝံ့ ပြောဖို့ကို မလိုဘူးမလား။ လီဗာပူး ဆိုလည်း အဲဒီလိုပဲ။
မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ်တွေ အကြောင်း ကျွန်တော် သိတယ်။ ဒီတခါတော့ သူတို့လည်း ကြုံးမှာပဲ။
တော့တင်ဟမ်။ သူတို့ကိုလည်း သတိထားရမယ်။ လူငယ်ကစားသမားတွေကို သူတို့ ပို အားထားလာတယ်။ မန်နေဂျာကလည်း ပို အကြောင်း သိလာတယ်။ တခြား တခြား အသင်းတွေလည်း ရှိတယ်။
ချယ်ဆီး ဆိုရင် ကစားသမားတွေ အများကြီး ရှိသလို ကွာလတီလည်း ရှိတယ်။ သူတို့ မန်နေဂျာ ကို ကျွန်တော် ယုံတယ်။
ဒီတော့ ၆ သင်း၊ ၇ သင်းလောက်ကို ရှိတယ်။ ကိုယ်က နည်းနည်းလေး လျော့သွားတာနဲ့ လမ်းကလွဲသွားမှာပဲ။ ဒါက အရှိတရားပဲ။” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပက် ဂွာဒီယိုလာက သူတို့ လေးနှစ် ဆက်တိုက် ရယူထားတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ ကာကွယ်ဖို့တွေ မတွေးသေးဘဲ အဆင့် ၄ အတွင်း ဝင်ဖို့ အရင် ပစ်မှတ်ထားကြောင်းလည်း ဆိုခဲ့ပါသေးတယ်။