ယူနိုက်တက် လေနဲ့ ကမ်းလှမ်းနေတဲ့ ဆန်ဒါဘာ့ချ်ကို တကယ် ထ ကမ်းလှမ်းလိုက်တဲ့ ဖူလ်ဟမ် အသင်း
ဖူလ်ဟမ် အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ ဘန်လေ ကွင်းလယ် ကစားသမား ဆန်ဒါ ဘာ့ချ် ကို ပေါင်သန်း ၂၀ အပြင် အပိုဆုကြေး ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ် တစ်နေရာ အတွက် ပီအက်စ်ဂျီမှ အူဂါတေး၊ ဘန်လေမှ ဆန်ဒါဘာ့ချ်နဲ့ အမရာဘတ်ကိုလည်း ပြန်ခေါ်ဖို့ စဉ်းစားရင်း ရွေးချယ်နေတာပါ။
ယူနိုက်တက် လေနဲ့ ကမ်းလှမ်းနချိန်မှာ ဖူလ်ဟမ်ကတော့ တကယ် ထ လှုပ်ရှားလာခဲ့ပြီး ဈေးကွက် မပိတ်ခင် ဘာ့ချ်ကို ရဖို့ ကြိုးစားလာပါတယ်။

အသက် ၂၆ နှစ်ရှိ အလယ်တန်း ကစားသမား ဆန်ဒါ ဘာ့ချ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲ ၃၇ ပွဲ ကစားခဲ့ရာမှာ ၁ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ အီမီလီစမစ်ရိုး၊ ဂျော့ကူအန်ကာနှင့် ရိုင်ယန်ဆက်စ်ဆီဂနွန်တို့အား ခေါ်ယူပြီးနောက် စတုတ္ထမြောက်ခေါ်ယူမှုအဖြစ် နော်ဝေလက်ရွေးစင်အား ကမ်းလှမ်းလာတာပါ။
ဖူလ်ဟမ်ဟာ ဇူလိုင်လတုန်းက ဂျာအိုပယ်ဟင်ဟာကို ဘိုင်ယန်မြူးနစ်ကို ရောင်းချလိုက်ပြီးနောက် အလယ်တန်းကို အားဖြည့်ရန် ရှာဖွေနေခဲ့ပြီ ဖြစ်ပါတယ်။
တဖက်တွင် ဖူလ်ဟမ်ဟာ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဂျိုအာချင်အင်ဒါဆင်အား ပေါင် ၂၅ သန်းအပြင် ပေါင် ၅ သန်းအပိုဆုကြေးဖြင့် ခေါ်ယူရန် ကြိုးပမ်းနေပါသေးတယ်။