မန်ယူရဲ့ ဒီနွေအတွင်း ၅ ဦးမြောက် ခေါ်ယူမှု ဖြစ်လာစေမယ့် ကစားသမား
ယူနိုက်တက်က ဒီနွေဈေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ဂျိုရှုအာ ဇက်ခ်ဇီးနဲ့ ခံစစ်ပိုင်းအတွက် ဒီလစ် ၊ ယိုရို ၊ မာဇာရာဝီတို့ အပါအဝင် ကစားသမားသစ် ၄ ဦးကို ခေါ်ယူထားပါတယ်။
ဒါပေမယ့် ဈေးကွက်မပိတ်ခင်မှာပဲ ကွင်းလယ်ပိုင်းအတွက်ကိုလည်း ကစားသမားသစ်တစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။
လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းအတွက် ယူနိုက်တက်က ကစားသမားအချို့ကို စောင့်ကြည့်နေခဲ့ပြီးမှ ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတေးကို ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ဥရုဂွေး ကွင်းလယ်ကစားသမား မန်နူရယ်လ် အူဂါတေးကို တစ်ရာသီ အငှားစာချုပ် + အပြီးသတ် ခေါ်ယူခွင့်တို့ ပါဝင်တဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။
ကွင်းလယ်အတွက် ယူနိုက်တက်နဲ့ သတင်းထွက်ထားခဲ့တဲ့ ဘန်လေ ကွင်းလယ်ကစားသမား ဆန်ဒါဘာ့ချ်က ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်းနဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။