ဘရိုက်တန်ကွင်းမှာ မန်ယူ မနိုင်ဘူး လို့ ဂိုးရလဒ်နဲ့ တကွ ခန့်မှန်းချက် ထုတ်လိုက်တဲ့ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်
မန်ချက်စတာ ယူနိုက်တက် က ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ ဘရိုက်တန် – မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။
ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ပရီးမီးယားလိဂ် အဖွင့်ပွဲကို အနိုင်နဲ့ စတင်နိုင်လိုက်တာ အဲရစ် တန်ဟက် အတွက် သိပ် အရေးကြီးပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ အဲဒီပွဲမှာ သူတို့ လုပ်နိုင်စွမ်း ရှိသလောက်တောင် လုပ်မပြနိုင်ခဲ့ဘူး။
လူတိုင်းက တိုက်စစ်သမားတွေ အကြောင်းချည်း ပြောကြတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် လီဆန်ဒရို မာတီနက်ဇ်က ဒီရာသီ ယူနိုက်တက် အတွက် အဓိက သော့ချက် ဖြစ်လာမှာပါ။

ကျွန်တော်က အဲဗာတန်နဲ့ အတွေ့မှာ ဘရိုက်တန် ရှုံးမယ် ခန့်မှန်းခဲ့ပေမယ့် အဆုံးမှာ သူတို့ လွယ်လွယ်ကူကူပဲ နိုင်သွားတယ်။ သူတို့ ထူးထူးခြားခြား ခြေတွေ့နေပုံပါပဲ။ နည်းပြ ဖာဘီယန် ဟာဇီလာ အတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ အဖွင့်ပါပဲ။
မန်နေဂျာသစ် တစ်ယောက် အတွက် ပထမ နိုင်ပွဲတစ်ခု ရဖို့ က အမြဲ အရေးကြီးပါတယ်။ ဒါမှသာ ယုံကြည်မှု ရှိရှိ အသင်းကို လွှမ်းမိုးနိုင်မှာပါ။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘရိုက်တန် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
ပွဲကတော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။