မာလီ ကွင်းလယ်လေးကို ရလိုက်ခြင်း၊ ဒီလစ်ကို မရောင်းချင်ခဲ့သူ၊ ဘင်ချီဝဲလ်၊ အူဂါတီ၊ အီဒါဆန် တို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် (၁၈)နှစ် အရွယ်သာ ရှိနေသေးတဲ့ မာလီ ယူ-၁၇ ကွင်းလယ် ခံစစ်ကစားသမားလေး ဆက်ခ်ကူး ကိုနေးကို ယူနိုက်တက် လူငယ်အသင်းအတွက် ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒဏ်ရာ ရရှိထားတဲ့ မန်ယူအသင်း နောက်ခံလူသစ် ရိုယို တစ်ယောက် လအနည်းငယ် အနားယူနေရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။
ချယဆီးဟာ သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဆီကို ကမ်းလှမ်းလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြသစ် ကွန်ပနီရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အသင်းနောက်ခံလူ ဒီလစ် ကို မန်ယူအသင်းထံ ရောင်းချခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ကွန်ပနီဟာ ဒီလစ်ဂျ်ကို အသင်းရဲ့ နံပါတ် တစ် နောက်ခံလူအဖြစ် သက်မှတ်ထားပေမယ့် ဘိုင်ယန်အသင်းကတော့ ပေါင် ၃၈.၅ သန်းဖြင့် မန်ယူအသင်းထံ ရောင်းချခဲ့ပြီး နည်းပြ ကွန်ပနီရဲ့တောင်းဆိုမှုကို လျစ်လျူရှုခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီက မန်နူရယ် အူဂါတီကို ခေါ်ယူဖို့အတွက် အပြည့်အဝ အာရုံစိုက်နေခဲ့တာကြောင့် အတ္တလန္တာကွင်းလယ်ကစားသမား အီဒါဆန်ကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ သတင်းထောက် ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစား အူဂတ်တီကို ခေါ်ယူဖို့ အလွန် နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်း နောက်ခံလူဟောင်း ဂျက်စတမ်းကတော့ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ်ကို ခေါ်ယူအားဖြည့်ဖို့ တန်ဟတ်ကို တိုက်တွန်းသွားခဲ့ပါတယ်။