ပြန်ကစားနိုင်တော့မယ့် ချာကာ၊ လာကာကို ခေါ်ချင်တဲ့ အေစီနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ချာကာ အနေနဲ့ ထင်မှတ်ထားတာထက် စောစီးစွာ ပြန်ကစား နိုင်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲပြီးနောက် သူ့ကစားသမားတွေရဲ့ တုံ့ပြန်ပုံကို ကျေနပ် အားရမိကြောင်း၊ ကစားသမားတချို့ရဲ့ ခေါင်းဆောင်နိုင်မှုကအားရစရာကောင်းကြောင်း၊ အရင်တုန်းက ဒီလို ပုံစံမျိုးတွေ မတွေ့မြင်ခဲ့ရကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေထိပ်သီးကလပ် အေစီမီလန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ လာကာဇက်ကို ရာသီကုန်မှာအလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာပါ။

အာတီတာအနေနဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးကို ပြန်ခေါ်မဲ့ အစီအစဉ်ကို မာတင်ကီအွန်က ထောက်ခံခဲ့ပြီး အာဆင်နယ်မိသားစုထဲ အာဆင်ဝင်းဂါးကို ပြန်ခေါ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ကို အလွန်မြတ်နိုးသူဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်ကနေ ဘာကြောင့်ထွက်သွားသလဲဆိုတာ စဉ်းစားလို့ မရကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အဆန်စီယို အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း စပိန်သတင်းက ဖော်ပြထားပါတယ်။ အဆန်စီယိုအနေနဲ့ ရီးရဲလ်မှာ ရုန်းကန်နေရခြင်းကို စိတ်ပျက်နေပြီး ပုံမှန် ကစားခွင့် ရမယ့် အသင်းကို ပြောင်းလိုနေတာပါ။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဒီတစ်ပတ်ယှဉ်ပြိုင်ရမဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည် နိုးထနိုင်မှာဖြစ်ကြောင်း၊ နယူးကာဆယ်အနေနဲ့ ဘရန်ဖို့ဒ်နဲ့ပွဲမှာ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပေမဲ့ အာဆင်နယ် ကိုတော့ ယှဉ်နိုင်မှာမဟုတ်ကြောင်း၊ အာဆင်နယ်အနေနဲ့ ၃ ဂိုးပြတ် အနိုင်ရမှာ ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါတယ်။

မန်စီးတီး ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က ဒီရာသီမှာ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတ်ယ။ အာဆင်နယ်ထက်စာရင် ဝက်စ်ဟမ်းက အဆင့်လေး အတွင်း ဝင်နိုင်မယ်လို့ ရိုက်ဖီးလစ် က ခန့်မှန်းခဲ့တာပါ။
အာဆင်နယ် အားကစား ဒါရိုက်တာ အီဒူးက ဘရာဇီးလူမျိုးအနေနဲ့ နောက်ခံလူ ဂါဘရီရယ်အနေနဲ့ လက်ရွေးစင်မှာ ရွေးချယ် ခံရတဲ့အပေါ် ကျေနပ်မိကြောင်း၊ အဝါရောင် ဂျာစီဝတ်ဆင်ဖို့က ဘရာဇီးသားတွေရဲ့ အိပ်မက်ဖြစ်ကြောင်း၊ ဂါဘရီရယ်အနေနဲ့ ဘရာဇီးမှာ အရွေးခံရမယ် ဆိုတာ သူ့အနေနဲ့ ကြိုတင်သိရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။