ဆန်ချို ကို ရဖို့ ချယ်ဆီး က ယူနိုက်တ်ကအား စတားလင်း (or) ဘန်ချီဝဲလ် ကို ခေါ်ယူခွင့် ပေးပြီး ညှိနှိုင်းဆွေးနွေးနေ

ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်သမား ဆန်ချို ကို ဈေးကွက် မပိတ်ခင် ခေါ်ယူလိုနေပြီး ကစားသမား တစ်ဦးကိုလည်း အလိုက်ပေးကာ ယူနိုက်တက်ထံ ပြောင်းရွှေ့စေဖို့ ကြိုးပမ်းနေပါတယ်။

Sky Sports သတင်း အဆိုအရ ကလပ်နှစ်ခုတို့ဟာ သောကြာနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ အပြောင်းအရွှေ့ ဖြစ်မြောက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြတယ် လို့ သိရ ပါတယ်။

ချဲလ်ဆီးဟာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ရာဟမ်း စတာလင်း(သို့မဟုတ်) ဘင်ချဲလ်ဝဲလ်ကို ရွေးချယ် ခေါ်ယူခွင့် ပေးထားပါတယ်။

လက်ရှိအနေအထားတွင် ယူနိုက်တက်နှင့် ချဲလ်ဆီးတို့အကြား ဆွေးနွေးနေဆဲ ဖြစ်ပြီး အပြောင်းအရွှေ့ မတိုင်မီ အပြီးသတ်လာမလား စောင့်ကြည့်ရပါမယ်။

ဆန်ချိုဟာ စနေနေ့ညတုန်းက ဘရိုက်တန်ကို ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်တွင် ယူနိုက်တက်လူစာရင်းတွင် ချန်လှပ်ခံခဲ့ရပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက အဲရစ်တန်ဟက်နှင့် အချင်းများပြီးနောက် ဒုတိယရာသီဝက်အား အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။

သူဟာ နွေရာသီတွင် ယူနိုက်တက်သို့ ပြန်ရောက်လာပြီးနောက် မန်စီးတီးကို ရှုံးနိမ့်တဲ့ ကွန်မြူနတီဒိုင်းပွဲတွင် ပါဝင်ကစားခဲ့ကာ ပင်နယ်တီလွဲခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအား ကစားသမား အလဲအထပ်လုပ်တာမျိုး မဟုတ်ဘဲ ငွေသားဖြင့်သာ ရောင်းချလိုလိုဟန် ရှိနေပါတယ်။