မန်ယူနဲ့ ကန်ရမယ့် ပွဲစဉ် အတွက် လီဗာပူး အသင်းသားတွေအား လှုံ့ဆော်နေတဲ့ ဂျင်မီ ကာရေဂါ
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ရာသီကြိုတုန်းက ခြေစမ်းပွဲ တွေ့ဆုံမှုမှာတော့ လီဗာပူးက အနိုင်ရထားခဲ့တာပါ။
ပရီးမီးယားလိဂ် ပွဲတွေ စတင်ချိန်မှာလည်း လီဗာပူးက ၂ပွဲလုံး နိုင်ထားပြီး ယူနိုက်တက်က ၁ပွဲနိုင် ၁ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပါတယ်။
ဒီတပတ် တွေ့ဆုံမှု မတိုင်ခင်မှာ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ဆလော့လက်ထပ် ပထမဆုံး ပွဲကြီး ဖြစ်တဲ့ ယူနိုက်တက်နဲ့ တွေ့တဲ့ ပွဲကို အနိုင် ကစားဖို့ လီဗာပူးအသင်းသားတွေအား တိုက်တွန်းနေပါတယ်။

ကာရေဂါက ” လီဗာပူး ဟာ နည်းပြသစ်ရဲ့ နည်းနာတွေကို လေ့လာသင်ယူ နားထောင်ပြီး သူ့ရဲ့ စနစ်တွေအတိုင်း အကောင်းဆုံး ရှေ့ဆက်လာနေတယ်။
အခုလို တာထွက်ကောင်းလိုက်တာက အာနယ် ဆလော့အတွက် အကူအညီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လက်ထက်မှာ ပထမဆုံး ပွဲကြီးဖြစ်လာမှာက နောက်အပတ် မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ကစားမယ့်ပွဲ ဖြစ်ပါတယ်။
အဲ့ပွဲက လီဗာပူးရဲ့ ဖလား မျှော်လင့်ချက်ကို အသက်သွင်းပေးနိုင်မယ့်ပွဲဖြစ်ပြီး မှန်ကန်တဲ့ ရလဒ်အတွက် ကစားသမားတွေရဲ့ လှုံ့ဆော်ပေးမှုတွေကို အများကြီး ရယူရမှာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နည်းပြတန်ဟက် လက်ထက်မှာ တတိယ ဘောလုံးရာသီကို စတင် ကျော်ဖြတ်နေခြင်းဖြစ်ကာ နည်းပြ လိုအပ်တဲ့ ကစားသမား ခေါ်ယူမှုတွေကိုလည်း ဒီနွေမှာ ဖြည့်ဆည်းပေးထားပါတယ်။