အူဂါတေး ကို မန်ချက်စတာ ယူနိုက်တက် ရပါပြီ၊ ဒီနေ့ ဆေးစစ်ပြီး အပြောင်းအရွှေ့ အပြီးလုပ်မည်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ် ကစားသမား မန်နူရယ်လ် အူဂါတေးကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်က အူဂါတေးအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) + အပိုဆုကြေး ယူရို (၁၀)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဒီနေ့မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အူဂါတေး က ဆေးစစ်ရန် အတွက် မန်ချက်စတာမြို့ သို့ ထွက်လာနေပြီ ဖြစ်ပါတယ်။

အူဂါတေးကို ယူနိုက်တက် က ဇူလိုင်လ တည်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ခုမှ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရကာ အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နာပိုလီအသင်းက ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးကို ယူရို သန်း(၃၀)နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ဒီနေ့ပဲ ဆေးစစ်မှုတွေ ပြုလုပ်ပါတော့မယ်။