စတာလင်းနဲ့ ဆန်ချိုကို အလဲအထပ် အတွက် အကြေအလည် ဆွေးနွေးနေကြတဲ့ မန်ယူနဲ့ ချဲလ်ဆီး အသင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ချဲလ်ဆီး အသင်းထံမှ ရာဟမ်းစတာလင်းကို ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

အင်္ဂလန်သား တာင်ပံကစားသမားဟာ ယခုရာသီတွင် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာရဲ့ စီမံကိန်းတွင် မပါဝင်မှုကြောင့် အခြားကစားသမားများနှင့်အတူ အကယ်ဒမီအသင်းနှင့် လေ့ကျင့်ခန်းဆင်းနေရသူလည်း ဖြစ်ပါတယ်။

The Athletic သတင်းဌာနကတော့ ယူနိုက်တက်ဟာ စတာလင်းနှင့် ဆန်ချိုတို့ကို အလဲအထပ် ပြုလုပ်ရေး ချဲလ်ဆီးနှင့် ဆွေးနွေးနေကြောင်း ဖော်ပြလာပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို အရောင်းစာရင်းတင်ထားပြီး ချဲလ်ဆီးနှင့် ဂျူဗင်တပ်တို့ရဲ့ စိတ်ဝင်စားခြင်းခံထားရပတယ်။ ဒါပေမဲ့ ယူနိုက်တက်က ဆန်ချိုကို အပြီးသတ်သာ ရောင်းချလိုနေပါတယ်။

စတာလင်းဟာ ချဲလ်ဆီးမှာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေသူ ဖြစ်ပြီး ချဲလ်ဆီးဟာ အသုံးစရိတ် လျှော့ချရန် အတွက် ထွက်ခွာစေလိုနေတာပါ။ ဒါပေမဲ့ စတာလင်းအနေဖြင့် ယူနိုက်တက်သို့ ပြောင်းချိန်မှာတော့ ယင်းသို့ လုပ်ခမျိုး ရရှိလာဖို့ မရှိပါဘူး။

ဆန်ချို ကလည်း ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ရရှိလာသူ ဖြစ်ပြီး ချဲလ်ဆီးသို့ ပြောင်းမည်ဆိုပါက လုပ်ခလျှော့ယူလာရဖို့ရှိပါတယ်။

စတာလင်းဟာ လီဗာပူးတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ပြီး ၁၂၉ ပွဲကစားပြီးနောက် ၂၀၁၅ ခုနှစ်တွင် မန်စီးတီးသို့ ပြောင်းခဲ့ပါတယ်။ သူဟာ မန်စီးတီးတွင် ၇ နှစ်ကစားစဉ်အတွင်း ဆုဖလား ၁၂ လုံး ရရှိပြီးနောက် ၂၀၂၂ ခုနှစ်တွင် ချဲလ်ဆီးသို့ ပြောင်းလာခဲ့တာပါ။