မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာသွားပြီ ဖြစ်တဲ့ ကွင်းလယ်လေး မက်ဂျ်ဘရီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား မာ့ဂျ်ဘရီ တစ်‌ယောက် ဘန်လေ အသင်းထံ ပေါင် ၉ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မိုနာကို အသင်းထံမှ မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အဆိုပါ လူငယ်ကြယ်ပွင့်ဟာ မန်ယူအသင်းအတွက် စုစုပေါင်း ၅ နှစ်တာ ကာလအတွင်း ၁၃ ပွဲသာ ပါဝင် ကစားခဲ့ရပြီးနောက် ယခုလို အသင်းပြောင်းဖို့ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ် တန်းဆင်းသွားခဲ့တဲ့ ဘန်လေ အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အသင်းဖြစ်ပြီး နည်းပြသစ် ပါကားလက်အောက် တန်းတက်ဖို့ ရေပန်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

မတ်ဂ်ဘရီက “ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ်၊ အသင်းပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် မစောင့်နိုင်တော့ပါဘူး၊ ကျွန်တော် ဘန်လေနဲ့ ရင်ဆိုင်ကစားခဲ့ဖူးသလို ဒီအသင်းရဲ့ အနေအထားကလည်း အံ့အားသင့်စရာပါပဲ၊ နည်းပြနဲ့ စကာ းပြောဆိုခဲ့ပြီးနောက်မှာတော့ အသင်းစီမံကိန်းတွေကို သဘောကျခဲ့တဲ့အတွက် အခုလို အသင်းပြောင်းလာခဲ့ရတာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မက်ဂျ်ဘရီဟာ စပိန်လာလီဂါကလပ် ဆီဗီလာကိုလည်း အငှားထွက်ခဲ့ဖူးးပေမယ့် ၆ ပွဲသာ ပါဝင် ကစားခဲ့ရပြီးနောက် အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ယခုနွေမှာတော့ အသင်းအရောင်းစာရင်းထဲ ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။