မောင့် ထပ်နာပြန်ပြီ… ဒဏ်ရာတွေ ရနေတာ သူလည်း စိတ်ပျက်လှပါပြီ ဆိုတဲ့ မောင့်ရဲ့ ရင်ဖွင့် စကား
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား မေဆန်မောင့် ဟာ ဒဏ်ရာ အသစ် ရရှိနေတာကြောင့် နောက်ပွဲတွေကို လွဲချော်ဖို့ ရှိနေတယ်လို့ သိခဲ့ရပါတယ်။
အသက် ၂၅ နှစ် အရွယ် အင်္ဂလန်သားဟာ သီတင်းပတ် ၅ ပတ်လောက်ထိ အနားယူရဖို့ ရှိနေပါတယ်။
မောင့်ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာလည်း ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့ပါသေးတယ်။ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ မောင့်ဟာ ဒီရာသီတော့ ပြန်လာနိုင်ပြီ ထင်ခဲ့ကြပေမယ့် ရာသီစတည်းက ဒဏ်ရာ ထပ်ကြုံလိုက်တာပါ။

ဒီအတွက် အများကြီး စိတ်ပျက်မိကြောင့် မေဆန်မောင့် က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
” ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက ကျွန်တော်ဟာ အသေးစား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကျွန်တော် ပွဲစဉ်အချို့ အနားယူရပါတော့မယ။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှု အနေအထား ပုံမှန် ပြန်ဖြစ်လာဖို့ အလုပ်တွေ ကြိုးစားရဦးမယ်။
ကျွန်တော် အဆင်သင့် ဖြစ်လာမှာပါ။ ဒီလို ဖြစ်ရတဲ့အတွက် ကျွန်တော် ဘယ်လောက်အထိ စိတ်ပျက်မိသလဲဆိုတာ ခင်ဗျားတို့ကို ကိုယ်တိုင် ပြောပြချင်နေခဲ့မိပါတယ် ” လို့ မောင့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။