ကပ်ဘေးကာလအတွင်း ငွေသုံး အများဆုံးကလပ် ဖြစ်လာတဲ့ မန်ချက်စတာ ယူနိုက်တက်
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းမှာ ကလပ်အသင်းများစွာက ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ငွေကြေးတောင့်တင်းမှု ရှိနေတဲ့ ကလပ်အသင်းအချို့ကလည်း အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်ခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းက ကပ်ဘေးကာလအတွင်း ငွေကြေးသုံးစွဲမှု အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရှိရပါတယ်။
နာမည်ကျော် ဘောလုံးဈေးကွက် သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES ရဲ့ ထုတ်ပြန်ချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂ဝခုနှစ် နွေရာသီဈေးကွက် ဆောင်းရာသီဈေးကွက်နဲ့ ၂၀၂၁ခုနှစ် နွေရာသီဈေးကွက် ဈေးကွက်(၃)ခုအတွင်း အသားတင် အသုံးစရိတ်ပေါင်း ပေါင်(၁၈၇)သန်းအထိ သုံးစွဲထားခဲ့တာကြောင့် ထိပ်ဆုံးကလပ်အသင်း (၁၀)စာရင်းမှာ အမြင့်မားဆုံး ဖြစ်လို့နေပါတယ်။

ဒုတိယနေရာမှာ ပေါင်(၁၇၆)သန်းနဲ့ ချယ်လ်ဆီးအသင်း တတိယနေရာမှာ ပေါင်(၁၆၆.၆)သန်းနဲ့ အာဆင်နယ်အသင်း စတုတ္ထနေရာမှာ ပေါင်သန်း(၁၆၀)နဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ပဉ္စမနေရာမှာ ပေါင်(၁၅၂)သန်းနဲ့ စပါးအသင်းတို့က ရပ်တည်နေပါတယ်။
CIES ကနေ ထုတ်ပြန်လာတဲ့ ကလပ်အသင်း(၁၀)သင်းထဲမှာ ပရီးမီးယားလိဂ် အသင်း(၇)သင်းအထိကို ပါဝင်လျက်ရှိနေပြီး ယူနိုက်တက် ချယ်လ်ဆီး အာဆင်နယ် လိဒ်စ် စပါး မန်စီးတီးတို့က အဆင့်(၁)ကနေ (၆)အထိ အစဉ်လိုက် ရပ်တည်နေသလို အက်စတွန်ဗီလာကလည်း အဆင့်(၉)မှာ ရှိနေပါတယ်။
ဒါကြောင့် လိဂ်အလိုက်မှာလည်း ပရီးမီးယားလိဂ်က အခြားသော လိဂ်ပြိုင်ပွဲတွေထက် ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ငွေသုံးအများဆုံး ဖြစ်ခဲ့ရပြီး ပေါင်(၁.၆)ဘီလီယံအထိ ရှိခဲ့ရသလို ဒုတိယနေရာကို ရောက်ရှိနေတဲ့ အီတလီစီးရီးအေနဲ့ပင် ကွာဟချက် အရမ်းများခဲ့ရပြီး စီးရီးအေက ပေါင်(၂၅၅)သန်းသာ ရှိနေခဲ့ပါတယ်။
ဒီလို အသားတင် အသုံးစရိတ် များပြားခဲ့တဲ့ ကလပ်အသင်းတွေ အမှတ်ပေးလိဂ်တွေ ရှိခဲ့ပေမယ့်လည်း စပိန်လာလီဂါပြိုင်ပွဲကတော့ ပေါင်(၁၇၁)သန်းအထိကို အမြတ်ထွက်ခဲ့တယ်လို့ CIES ကနေ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဈေးကွက်(၃)ခုအတွင်း ဆန်ချို ရော်နယ်လ်ဒို ဗာရန်း ဗန်ဒယ်ဘိခ် တဲလက်စ် အာမတ်ဒီအာလို အစရှိတဲ့ ကစားသမားများစွာကို ခေါ်ယူခဲ့ပြီး ကစားသမား ပြန်လည်ရောင်းချခြင်းကနေ ငွေကြေးသိပ် မရရှိခဲ့တဲ့အတွက် အသင်းရဲ့ အသားတင် အသုံးစရိတ်က မြင့်တတ်နေရတာ ဖြစ်ပါတယ်။

ZG
ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလအတြင္းမွာ ကလပ္အသင္းမ်ားစြာက ဘ႑ာေရး အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ခဲ့ရသလို ေငြေၾကးေတာင့္တင္းမႈ ရွိေနတဲ့ ကလပ္အသင္းအခ်ိဳ႕ကလည္း အေျပာင္းအေ႐ႊ႕ ေစ်းကြက္အတြင္းမွာ အသင္းအတြက္ လိုအပ္တဲ့ ကစားသမားသစ္ ေခၚယူမႈေတြကို လုပ္ေဆာင္ခဲ့ရာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ကပ္ေဘးကာလအတြင္း ေငြေၾကးသုံးစြဲမႈ အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ခဲ့တယ္လို႔ သိရွိရပါတယ္။
နာမည္ေက်ာ္ ေဘာလုံးေစ်းကြက္ သုေတသန အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ CIES ရဲ႕ ထုတ္ျပန္ခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၂ဝခုႏွစ္ ေႏြရာသီေစ်းကြက္ ေဆာင္းရာသီေစ်းကြက္နဲ႔ ၂၀၂၁ခုႏွစ္ ေႏြရာသီေစ်းကြက္ ေစ်းကြက္(၃)ခုအတြင္း အသားတင္ အသုံးစရိတ္ေပါင္း ေပါင္(၁၈၇)သန္းအထိ သုံးစြဲထားခဲ့တာေၾကာင့္ ထိပ္ဆုံးကလပ္အသင္း (၁၀)စာရင္းမွာ အျမင့္မားဆုံး ျဖစ္လို႔ေနပါတယ္။
ဒုတိယေနရာမွာ ေပါင္(၁၇၆)သန္းနဲ႔ ခ်ယ္လ္ဆီးအသင္း တတိယေနရာမွာ ေပါင္(၁၆၆.၆)သန္းနဲ႔ အာဆင္နယ္အသင္း စတုတၳေနရာမွာ ေပါင္သန္း(၁၆၀)နဲ႔ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ပၪၥမေနရာမွာ ေပါင္(၁၅၂)သန္းနဲ႔ စပါးအသင္းတို႔က ရပ္တည္ေနပါတယ္။
CIES ကေန ထုတ္ျပန္လာတဲ့ ကလပ္အသင္း(၁၀)သင္းထဲမွာ ပရီးမီးယားလိဂ္ အသင္း(၇)သင္းအထိကို ပါဝင္လ်က္ရွိေနၿပီး ယူႏိုက္တက္ ခ်ယ္လ္ဆီး အာဆင္နယ္ လိဒ္စ္ စပါး မန္စီးတီးတို႔က အဆင့္(၁)ကေန (၆)အထိ အစဥ္လိုက္ ရပ္တည္ေနသလို အက္စတြန္ဗီလာကလည္း အဆင့္(၉)မွာ ရွိေနပါတယ္။
ဒါေၾကာင့္ လိဂ္အလိုက္မွာလည္း ပရီးမီးယားလိဂ္က အျခားေသာ လိဂ္ၿပိဳင္ပြဲေတြထက္ ကို႐ိုနာဗိုင္းရပ္စ္ ကာလအတြင္း ေငြသုံးအမ်ားဆုံး ျဖစ္ခဲ့ရၿပီး ေပါင္(၁.၆)ဘီလီယံအထိ ရွိခဲ့ရသလို ဒုတိယေနရာကို ေရာက္ရွိေနတဲ့ အီတလီစီးရီးေအနဲ႔ပင္ ကြာဟခ်က္ အရမ္းမ်ားခဲ့ရၿပီး စီးရီးေအက ေပါင္(၂၅၅)သန္းသာ ရွိေနခဲ့ပါတယ္။
ဒီလို အသားတင္ အသုံးစရိတ္ မ်ားျပားခဲ့တဲ့ ကလပ္အသင္းေတြ အမွတ္ေပးလိဂ္ေတြ ရွိခဲ့ေပမယ့္လည္း စပိန္လာလီဂါၿပိဳင္ပြဲကေတာ့ ေပါင္(၁၇၁)သန္းအထိကို အျမတ္ထြက္ခဲ့တယ္လို႔ CIES ကေန ေဖာ္ျပခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ ေစ်းကြက္(၃)ခုအတြင္း ဆန္ခ်ိဳ ေရာ္နယ္လ္ဒို ဗာရန္း ဗန္ဒယ္ဘိခ္ တဲလက္စ္ အာမတ္ဒီအာလို အစရွိတဲ့ ကစားသမားမ်ားစြာကို ေခၚယူခဲ့ၿပီး ကစားသမား ျပန္လည္ေရာင္းခ်ျခင္းကေန ေငြေၾကးသိပ္ မရရွိခဲ့တဲ့အတြက္ အသင္းရဲ႕ အသားတင္ အသုံးစရိတ္က ျမင့္တတ္ေနရတာ ျဖစ္ပါတယ္။