စတားလင်း မဟုတ်တော့ဘဲ အခြား စီးတီးတိုက်စစ်သမားကို ခေါ်ဖို့ ပြောင်းကြိုးစားလာတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ စပိန်လူငယ် တောင်ပံတိုက်စစ် ကစားသမား ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ ငွေကြေးကျပ်တည်းမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ တန်ကြေးမြင့် ကြယ်ပွင့်တွေကို ခေါ်ယူနိုင်စွမ်း မရှိတော့တာကြောင့် ခြေစွမ်းကောင်းမွန်ကာ ပြောင်းရွှေ့ကြေးလည်း နည်းပါးမယ့် လူငယ်ကြယ်ပွင့်တွေ ကို လိုက်လံ ရှာဖွေနေပါတယ်။
ကနဦးမှာ ဘာစီလိုနာအသင်းဟာ စတာလင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်စီးတီးအသင်းက စတာလင်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ တောင်းဆိုခဲ့တာကြောင့် စတာလင်းကို ခေါ်ယူဖို့ ကြိုးစားနေမှုအား လက်လျော့ကာ စပိန်လူငယ်ကြယ်ပွင့် ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေတာပါ။
လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ အလီမာနီဟာ မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိနေကာ ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ အတွက် မန်စီးတီးအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
စပိန်သား တဦး ဖြစ်သလို မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဖာရန် တောရက်စ်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် စီးတီးက တောရက်စ်ကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ရမှသာ ရောင်းချချင်တာပါ။
ဘတ်ဂျက် မရှိတဲ့ ဘာစီလိုနာအသင်း ကတော့ ဖာရန် တောရက်စ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀ သန်းနဲ့ အပြီးသတ် ခေါ်ယူမယ့် အချက် ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း စပိန်နာမည်ကြီး သတင်းထောက် မော်ရီနိုက ဆိုပါတယ်။
အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖာရန်း တောရက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဗလင်စီယာအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူပါ။

ZG
ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းရဲ႕ စပိန္လူငယ္ ေတာင္ပံတိုက္စစ္ ကစားသမား ဖာရန္ ေတာရက္စ္ကို ေခၚယူဖို႔ အတြက္ တရားဝင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
ဘ႑ာေရး အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ ေငြေၾကးက်ပ္တည္းမႈရဲ႕ ေနာက္ဆက္တြဲ အေနနဲ႔ တန္ေၾကးျမင့္ ၾကယ္ပြင့္ေတြကို ေခၚယူႏိုင္စြမ္း မရွိေတာ့တာေၾကာင့္ ေျခစြမ္းေကာင္းမြန္ကာ ေျပာင္းေ႐ႊ႕ေၾကးလည္း နည္းပါးမယ့္ လူငယ္ၾကယ္ပြင့္ေတြ ကို လိုက္လံ ရွာေဖြေနပါတယ္။
ကနဦးမွာ ဘာစီလိုနာအသင္းဟာ စတာလင္းကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မန္စီးတီးအသင္းက စတာလင္း အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀သန္း အထိ ေတာင္းဆိုခဲ့တာေၾကာင့္ စတာလင္းကို ေခၚယူဖို႔ ႀကိဳးစားေနမႈအား လက္ေလ်ာ့ကာ စပိန္လူငယ္ၾကယ္ပြင့္ ဖာရန္ ေတာရက္စ္ကို ေခၚယူဖို႔ ေျပာင္းလဲ ႀကိဳးပမ္းေနတာပါ။
လက္ရွိမွာ ဘာစီလိုနာအသင္းရဲ႕ အားကစား ဒါ႐ိုက္တာ အလီမာနီဟာ မန္စီးတီးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းဆီ ေရာက္ရွိေနကာ ဖာရန္ ေတာရက္စ္ကို ေခၚယူဖို႔ အတြက္ မန္စီးတီးအသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ တရားဝင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။
စပိန္သား တဦး ျဖစ္သလို မန္စီးတီးမွာ ပုံမွန္ ပြဲထြက္ခြင့္ ရဖို႔ ႐ုန္းကန္ေနရတဲ့ ဖာရန္ ေတာရက္စ္ကလည္း ဘာစီလိုနာအသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ေနေပမယ့္ စီးတီးက ေတာရက္စ္ကို အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၀သန္း ရမွသာ ေရာင္းခ်ခ်င္တာပါ။
ဘတ္ဂ်က္ မရွိတဲ့ ဘာစီလိုနာအသင္း ကေတာ့ ဖာရန္ ေတာရက္စ္ကို ရာသီဝက္အငွား + ရာသီကုန္မွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၀ သန္းနဲ႔ အၿပီးသတ္ ေခၚယူမယ့္ အခ်က္ ပါဝင္တဲ့ ကမ္းလွမ္းမႈနဲ႔ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း စပိန္နာမည္ႀကီး သတင္းေထာက္ ေမာ္ရီႏိုက ဆိုပါတယ္။
အသက္ ၂၁ႏွစ္ အ႐ြယ္ စပိန္လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား ဖာရန္း ေတာရက္စ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ဗလင္စီယာအသင္း ကေန မန္ခ်က္စတာ စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၃သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး မန္ခ်က္စတာ စီးတီးအသင္းနဲ႔ ၂၀၂၅ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း ရွိေနသူပါ။