မန်ယူ ကြယ်ပွင့် နှစ်ဦး ပါဝင်နေတဲ့ ကမ္ဘာ့အကောင်းဆုံး အသက် ၂၁ နှစ်အောက် ကစားသမားဆု Kopa Trophy Award ဆန်ကာတင်စာရင်း
မန်ချက်စတာ ယူနိုက်တက် ရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုတို့ဟာ Ballon d’Or ဆုပေးပွဲတွင်ပင် ချီးမြှင့်လာမဲ့ Kopa Trophy Award အတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်လာပါတယ်။
Kopa Trophy ဆုကို ၂၀၁၈ ခုနှစ်တွင် စတင်ချီးမြှင့်လာတာ ဖြစ်ပြီး အသက် ၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု လည်း ဖြစ်ပါတယ်။
Kopa Trophy ဆုကို အောက်တိုဘာလ ၂၈ ရက်နေ့ Ballon d’Or ဆုပေးပွဲတွင်ပင် ချီးမြှင့်လာပါမယ်။

ယင်းဆုကို ကိုင်လီယန်ဘက်ပေး၊ ဂျူ့ဘယ်လင်ဂမ်၊ မားသီးယပ်စ်ဒီလက်၊ ပီဒရီ၊ ဂါဗီတို့ ဆွတ်ခူးခဲ့ကြဖူးပါတယ်။
ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့ကြပေမဲ့ အက်ဖ်အေဖလား ဆွတ်ခူးခဲ့ကြပါတယ်။
ကိုဘီမိုင်နူးမှာ ယူရို ၂၀၂၄ ဗိုလ်လုပွဲရောက် အင်္ဂလန်အသင်းတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့ပါတယ်။
တဖက်တွင် ဂါနာချိုမှာလည်း ယူနိုက်တက်အတွက် ၁၀ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးခဲ့သလို အာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ Kopa Trophy ဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေတာကတော့ အသက် ၁၇ နှစ်ရှိ စပိန်နှင့် ဘာစီလိုနာကြယ်ပွင့် လာမိန်း ယာမဲလ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ သူဟာ Ballon d’Or ဆုအတွက် ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်။