နောက်ထပ် ဘယ်နှပွဲပဲ စောင့်ကြည့်မယ် ဆိုတာ အပြတ် သတိပေးလိုက်ပြီ ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် ဟာ နည်းပြ တန်ဟက်က အပေါ် အတော် စိတ်ပျက်နေပြီး နောက်ထပ် ဘယ်နှပွဲပဲ အချိန်ပေး စောင့်ကြည့်တော့မယ် ဆိုတာကိုပါ ယတိပြတ် သတိပေးထားပြီ လို့ ရဲ့ အတွင်းသတင်းတွေ အရ သိရပါတယ်။

နည်းပြ တန်ဟက်ရဲ့ ယူနိုက်တက် ဟာ ဒီ ဘောလုံးရာသီ အဖွင့်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-ဝ နဲ့ နိုင်ခဲ့ပေမယ့် နောက်ထပ် ဘရိုက်တန်၊ လီဗာပူးတို့နဲ့ အတွေ့မှာ နှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။

အဲရစ်တန်ဟက် အနေနဲ့ ယူနိုက်တက် နည်းပြ ရာထူးကနေ မပြုတ်အောင် လှုပ်ရှားဖို့ ဆာဂျင်ရက်ကလစ်ဖ် က နောက်ထပ် လေးပွဲသာ အချိန်ပေးထားတယ်လို့ Give Me Sport သတင်းက ဖော်ပြလာပါတယ်။

ဒီ ၄ ပွဲမှာမှ အခြေအနေက မထူးခြားရင် INEOS ဟာ တန်ဟက်ကို ဖြုတ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ စီစဉ်မှာ ဖြစ်ပါတယ်။ နယ်သာလန်သား နည်းပြကို နွေတုန်းကမှ သက်တမ်းတိုးထားသည့်တိုင် ဆက်လက် အချိန်မပေးလိုတော့ဘူး လို့ သိရပါတယ်။

တန်ဟက်ကတော့ နွေမှာ အပြောင်းအရွှေ့ အတွက် ပေါင် သန်း ၂ဝဝ လောက် သုံးထားပြီး စာချုပ်သစ်လည်း တိုးထားတာကြောင့် အနည်းဆုံး ၂၀၂၄ နှစ်ကုန်ထိ အသင်းမှာ ကြိုးစားနိုင်မယ် လို့ မျှော်လင့်ထားပါတယ်။

ဒါပေမယ့် INEOS နဲ့ ဆာဂျင် ရက်ကလစ်ဖ်ကတော့ တန်ဟက်က အပေါ် စိတ်ရှည်မှု ကုန်ဆုံးလာနေပြီ ဖြစ်ပါတယ်။