ဇန်နဝါရီဈေးကွက်ဖွင့်ရင် မန်ယူ တိုက်စစ် အန်တိုနီ ကို ခေါ်ယူဖို့ စီစဉ် ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ညာတောင်ပံကစားသမား အန်တိုနီကို လာမယ့် ဆောင်းဈေးကွက်မှာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ နယူးကာဆယ်အသင်းက ရည်ရွယ်နေကြောင်း သတင်းထွက်လာပါတယ်။

နယူးကာဆယ်က ဒီနွေဈေးကွက် နောက်ဆုံးနေ့မှာ အသင်းရဲ့ တောင်ပံပိုင်းအတွက် ယူနိုက်တက် ကစားသမားဟောင်း အီလန်ဂါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း နော်တင်ဟမ် ဖောရက်စ်ဘက်ကတော့ အီလန်ဂါအတွက် နယူးကာဆယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

နယူးကာဆယ် ညာတောင်ပံ ကစားသမားတစ်ဦးကို အလိုရှိနေပြီး လာမယ့် ဆောင်းဈေးကွက်မှာလည်း အီလန်ဂါကို မရနိုင်ခဲ့ရင် အခြား ပစ်မှတ်ကို ခုတည်းက ရှာဖွေနေပါတယ်။

နယူးကာဆယ်ရဲ့ အီလန်ဂါ အစားထိုး ပစ်မှတ်တွေထဲ ယူနိုက်တက် တောင်ပံတိုက်စစ် အန်တိုနီ လည်း ပါဝင်ပြီး ဇန်နဝါရီမှာ ကမ်းလှမ်းလာဖို့ ရှိနိုင်ပါတယ်။

အန်တိုနီက ယူနိုက်တက်မှာ ပွဲကစားခွင့် သိပ်မရတဲ့သူ ဖြစ်သလို ဒီနွေမှာလည်း အပြောင်းအရွှေ့ ကောလဟာလတွေ တောက်လျှောက် ထွက်ပေါ်ထားပါသေးတယ်။

အန်တိုနီ ကိုယ်တိုင်ကတော့ လက်ရှိ ရာသီသစ်မှာ ပွဲကစားချိန် (၁)မိနစ်လေးသာ ကစားထားရသေးပေမယ့်လည်း အသင်းပြောင်းဖို့ထက် ယူနိုက်တက်မှာသာ ဆက်ကစားသွားဖို့ ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်ဘက်ကတော့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ဝန်းကျင်လောက်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။