မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာတာ တန်ဟတ်ကြောင့် မဟုတ်ပါဘူးဆိုတဲ့ ဒီလစ်
မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့ရခြင်းဟာ ဆရာဟောင်း အဲရစ် တန်ဟတ် ကြောင့်ချည်းပဲ မဟုတ်ကြောင်း ဘိုင်ယန်နောက်ခံလူဟောင်း ဒီလစ် က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အေဂျက်မှာကတည်းက တန်ဟတ် နဲ့ လက်တွဲ ကစားခဲ့ဖူးတဲ့ ဒီလစ် ဟာ ပြီးခဲ့တဲ့နွေတုန်းက ဘိုင်ယန်မြူးနစ် အသင်းကို စွန့်ခွါခဲ့ပြီးနောက် အိုးထရတ်ဖို့ဒ် အခြေစိုက် ကလပ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။
ပရိသတ်တွေကတော့ ဆရာဟောင်းဖြစ်သူ သွေးဆောင်နိုင်ခဲ့လို့သာ ဒီလစ် အိုးထရတ်ဖို့ဒ်ကို ရောက်လာခဲ့တယ်ဆိုပြီး သုံးသပ်နေကြပေမယ့် ဒီလစ် ကတော့ အခြားသော အကြောင်းအရာတွေကြောင့် အသင်းပြောင်းလာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလစ် က “ ဒီကို ပြောင်းလာတာက တန်ဟတ် ကြောင့် ချည်းပဲတော့ မဟုတ်ပါဘူး၊ ဒီအသင်းက အသင်းကြီး တစ်သင်း ဖြစ်သလို ဒီမှာက ဒတ်ချ် အသင်းဖော်တွေလည်း အတော်များများ ရှိနေကြပါတယ်။
အခု ကျွန်တော် ဒီမှာ အသားကျနေသလို ဒီကို ပြောင်းလာခဲ့တာကိုလည်း ကျေနပ်မိပါတယ်၊ ဒီအသင်းမှာ ဖိအားများစွာနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုလည်း ကြိုတင်တွက်ဆထားပြီးသားပါ၊ ကျွန်တော် အားလုံးကို ကိုင်တွယ်ဖြေရှင်းသွားနိုင်မှာပါ၊ ပရိသတ်တွေကလည်း အံ့အားသင့်စရာပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ယခုရာသီသစ်ကို နှေးကွေးတဲ့ ပုံစံမျိုးနဲ့ အစပြုနေတဲ့ အသင်းဖြစ်ပြီး သုံးပွဲ ကစားပြီးချိန်မှာ ရမှတ် သုံးမှတ်သာ ရယူထားနိုင်တာကြောင့် ဒီလစ်ဂျ်တို့ အဖွဲ့တွေ ပုံစံကောင်း ပြသပေးနိုင်ဖို့ အထူးလိုအပ်နေတာ တွေ့ရပါတယ်။