မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်နှစ် လုပ်ခလစာ အသုံးစရိတ် လျှော့ချရေး ပလန် စီစဉ်နေ
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်နှစ်နွေ၊ လာမယ့် ၁၂ လအကြာမှာ ကက်စ်မီရိုနှင့် အဲရစ်ဆင်တို့ကို ထွက်ခွာစေပြီး အလယ်တန်းကို အပြောင်းအလဲများစွာ ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်မှ ဝါရင့် ကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ ကက်စ်မီရိုနှင့် ခရစ္စတီယန်အဲရစ်ဆင်တို့ဟာ ရာသီအကုန်တွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာကြပါမယ်။
ဒီအတွက်လည်း ယူနိုက်တက်ဟာ ယခုနွေရာသီမှာ အသက် ၃၂ နှစ်ရှိ ကက်စ်မီရိုနေရာမှာ အစားထိုးဖို့ အသက် ၂၃ နှစ်ရှိ မန်နူရယ် အူဂါတီကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ကက်စ်မီရိုဟာ ယခုရာသီမှာလည်း ယူနိုက်တက်မှာ ရုန်းကန်နေရပြီး လီဗာပူးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ပထမပိုင်းအပြီးမှာပင် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ကက်စ်မီရိုဟာ ရာသီအကုန်မှာ ခရစ္စတီယန်အဲရစ်ဆင်နှင့်အတူ ထွက်ခွာမယ်လို့ GiveMeSport အပါအဝင် သတင်းဌာန တော်တော်များများ အဆိုအရ သိရပါတယ်။
ယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ ယင်းအလယ်တန်းကစားသမား ၂ ဦးရဲ့ နေရာမှာ အစားထိုးနိုင်ရေး အဓိကလုပ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အဲရစ်ဆင်နှင့် ကက်စ်မီရိုတို့အား ထွက်ခွာခွင့် ပြုလာပါက တစ်ပတ်လုပ်ခ အသုံးစရိတ် ပေါင် ၅၂၅၀၀၀ အထိ သက်သာလာပါမယ်။
အဲရစ်ဆင်ဟာ ၂၀၂၂ ခုနှစ်မှာ ဘရန့်ဖို့ဒ်မှာ ကာလတို ကစားပြီးနောက် ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာသူ ဖြစ်ပြီး ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမဲ့သူလည်း ဖြစ်ပါတယ်။