နောက်နှစ်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ သေချာပေါက် ထွက်ခွာမယ့် အသင်းသား ၃ ဦး
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်နှစ် ကလပ်အသင်းမှာ လုံးဝ ဆက်ထားမှာ မဟုတ်ဘဲ သေချာပေါက် ရှင်းထုတ်မယ့် ကစားသမား တချို့ ကို ဆုံးဖြတ်ပြီးပြီ လို့ သိရပါတယ်။
အဲဒီ ကစားသမားတွေကတော့ ဗစ်တာ လင်ဒီလော့ဖ်နဲ့ ခရစ္စတီယန် အဲရစ်ဆန် တို့ ဖြစ်ပါတယ်။ တခြား မရေရာတဲ့ ကစားသမားတွေတော့ ရှိပေမယ့် ဒီနှစ်ယောက်ကတော့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်နေပြီ ဖြစ်ပြီး သေချာပေါက် မန်ချက်စတာ ကလပ်နဲ့ လမ်းခွဲရမှာပါ။
ယူနိုက်တက်ဟာ အလွတ်နဲ့ မလွှတ်ရအောင် ဇန်နဝါရီမှာလည်း ထိုနှစ်ဦးကို ရောင်းချဖို့ ကြိုးစားဦးမယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြထားပါတယ်။

အဲရစ်ဆန် က ဒီရာသီ ယူနိုက်တက်နဲ့ တတိယမြောက် ဘောလုံးရာသီ ဖြစ်ပြီး အသင်းမှာ အထောက်အကူကြီး တစ်ခု ဖြစ်ဆဲပါ။ လင်ဒီလော့ဖ်ကလည်း ၂၀၁၇ တည်းက ယူနိုက်တက်မှာ ကစားနေသူပါ။
၎င်းတို့ နှစ်ဦး အပြင် ဂျွန်နီ အီဗန်စ်လည်း ရာသီကုန်ရင် ယူနိုက်တက်နဲ့ စာချုပ်ကုန်မှာ ဖြစ်ပြီး ဆက်နေဖွယ် မရှိတော့ပါဘူး။
လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသားတချို့ဟာ နိုင်ငံအသင်းတွေနဲ့ အတူ ရှိနေပြီး နိုင်ငံပွဲတွေ အပြီး လာမယ့် စနေနေ့မှာ ယူနိုက်တက်က ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ပြန်လည် ကစားရတော့မှာ ဖြစ်ပါတယ်။