တန်ဟက်ကို မကြည်ပေမယ့် မန်ယူကို တကယ်ကူနိုင်မယ့် သူ တစ်ဦး ရှိတယ်လို့ အကြံပေးလိုက်တဲ့ ဒိုလေး
သရဲနီ တိုက်စစ်မှုးဟောင်းကြီး ခရစ္စတီယာနို ရော်နယ်ဒို က အသင်းရဲ့ လက်ရှိ နည်းပြ အဲရစ်တန်ဟက်ကို သိပ် သဘောမကျပေမယ့် မန်ချက်စတာမှာ နယ်သာလန်သားကြီး အောင်မြင်ဖို့ ကူညီပေးနိုင်မယ့်သူ တစ်ဦး ရှိနေတယ်လို့ က ထောက်ပြလိုက်ပါတယ်။
မန်ချက်စတာ ကလပ် တာဝန်ရှိသူတွေ အနေနဲ့ အသင်းကို ပြန်တည်ဆောက်ရာမှာ အဝတ်လဲခန်းထဲက ဘောလုံးအကြောင်း နားလည်သူတွေရဲ့ အသံကို အဓိက ထားဖို့လည်း သူက တိုက်တွန်းပါတယ်။
ရော်နယ်ဒိုက ” တန်ဟက် အနေနဲ့ ရုဒ် (နစ္စတယ်ရွိုင်း) စကားတွေကို နားထောင်မယ်ဆိုရင် သူ့ကိုယ်သူ အကူအညီပေးနိုင်ပါလိမ့်မယ်။
ရုဒ်ရဲ့ အကြံပေးမှုတွေက အများကြီး အလုပ်ဖြစ်မှာပါ ဘာလို့လဲဆိုတော့ သူက ဒီအသင်းအကြောင်း ကောင်းကောင်းနားလည်သူပါ။ ယူနိုက်တက်အကြောင်း သိနားလည်သူတွေထံက အသံကို အသင်းတာဝန်ရှိသူတွေ နားထောင်ဖို့လိုပါတယ်။

ရီယို ဖြစ်ဖြစ် ရွိုင်ကိန်းဖြစ်ဖြစ် စခိုးလ် ဖြစ်ဖြစ် နဗီးဖြစ်ဖြစ် နောက်ဆုံး ဆာအဲလက်စ်တောင်မှပဲ အသိပညာ မရှိဘဲ အသင်းတစ်သင်းကို မတည်ဆောက်နိုင်ပါဘူး။ ရုံးခန်းထဲက လူတွေက အသင်းကို မတည်ဆောက်နိုင်တာကို သူတို့ နားလည်ပါတယ်။
ဘောလုံးအကြောင်း တကယ်တမ်း နားလည်တဲ့ ၉၉% သော လူတွေက အဝတ်လဲခန်းမှာပဲ ရှိနေတာပါ။ ကစားသမားတွေကို ဘယ်လို ကိုင်တွယ်ရမယ် သူတို့သိတယ်။
ရုဒ်က အသင်းထဲကလူဖြစ်လို့ ကူညီနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ သူက ကလပ်အကြောင်းသိတယ်၊ ပရိသတ်တွေအကြောင်းလည်း သိတယ်။ အကယ်လို့ နည်းပြက သူ့စကား နားထောင်ရင် အသင်း တိုးတက်လာဖို့ အများကြီး ကူညီပေးနိုင်ပါလိမ့်မယ်။” လို့ ထောက်ပြသွားတာ ဖြစ်ပါတယ်။