အသင်းက ထွက်သွားစေချင်တဲ့ အခါကျ ကျွန်တော် ထွက်သွားမှာပါ ဆိုတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင် က အသင်းမှာ သူ ဆက်ရှိနေသေးတာနဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက် စကား ဆိုခဲ့ပါတယ်။
” တကယ်လို့ အသင်းက (တာဝန်ရှိသူတွေဘက်က) ကျွန်တော့်ကို ထွက်ခွာဖို့ ပြောကြမယ်ဆိုရင် ကျွန်တော် ထွက်ခွာလိုက်မှာပါ။ ဒါပေမဲ့ အဲ့ဒီ စကားကို အခုထိတော့ မကြားခဲ့ဖူးသေးပါဘူး။
ယူနိုက်တက် ကစားသမားအဖြစ်နဲ့ ကျွန်တော်ရဲ့ ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ပြီးတော့ ကျွန်တော်က မိသားစုတွေ နေသားကျပြီးတဲ့ နေရာ၊ ကျွန်တော့်အတွက် အကျိုးရှိပြီး ကစားခွင့်ရရှိတဲ့ အသင်းမျိုးမှာ နေချင်သူ တစ်ဦးပါ။

အဲ့ဒါက ကျွန်တော့်ရဲ့ အမြဲတမ်း ရည်မှန်းချက်ပါပဲ ” လို့ အဲရစ်ဆင်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အဲရစ်ဆင်ဟာ နွေတုန်းက ယူနိုက်တက်ကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းကြီးတဲ့ ကစားသမားတွေထဲ ပါဝင်ခဲ့သေးတာပါ။
ဝါရင့်ကွင်းလယ်သမားဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ရလေ့ ရှိတာကလွဲလို့ အသင်းအတွက် အကျိုးပြနိုင်ဆဲ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။