လက်သံပြောင်နေတဲ့ စတီဗင်ဂျရတ်နဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ပြီလား တွေးစရာ ဖြစ်လာတဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာကို နည်းပြသစ်အဖြစ်နဲ့ရောက်ရှိလာပြီးနောက်မှာ စတီဗင်ဂျရတ်က အသင်းကို နှစ်ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း ဗီလာက ၁-၂ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး အဆင့် ၁၁ နေရာကို ပြန်ရောက် လာခဲ့ပါတယ်။
အခုလို နိုင်ပွဲ ၂ပွဲရရှိခဲ့တာဟာ ဒီပွဲတွေမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ဗီလာတို့ အနိုင်ရခဲ့တဲ့ ပွဲ အရေအတွက် ထက် ၁ ပွဲပိုနေခဲ့ပါတယ်။ ဂျရတ်ရောက်မလာခင်မှာ ဗီလာရဲ့နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲတည်းသာ အနိုင်ရခဲ့တာ ဖြစ်ပြီး ၅ ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တာပါ။
အခုတော့ ဒီအခြေအနေတွေအားလုံးကို ဂျရတ်က ပြောင်းပြန်လှန်ပြခဲ့ပြီး သူ့လက်ထက်ပွဲဦးထွက် ၂ပွဲမှာ ၆ မှတ် ရယူပေးသွားခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၈ နောက်ပိုင်း အက်စတွန်ဗီလာကို တာဝန်ယူခဲ့တဲ့နည်းပြတွေထဲမှာ ပွဲဦးထွက် ၂ပွဲကို နိုင်ပွဲရအောင်စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်နဲ့လည်း ဂျရတ်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။
လီဗာပူးလ်ကစားသမားဟောင်းနဲ့ ရိန်းဂျားစ်နည်းပြဟောင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ ဗီလာကို တာဝန်ယူဖို့ ရောက်ရှိလာခဲ့ချိန်မှာ အားလုံးရဲ့ သံသယမျက်ဝန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင်ပြေပါ့မလားလို့ စောင့်ကြည့်ခံခဲ့ရပါတယ်။
အခုတော့ သူက သံသယမျက်ဝန်းတွေအောက်ကနေ ရုန်းထွက်နိုင်ခဲ့သလို အားလုံးရဲ့ အသိအမှတ်ပြုမှုကိုပါ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြောဖို့စောနေသေးတယ် ဆိုပေမယ့် အသင်းကို အကောင်းဆုံး ဆွဲတင်ပေးနေတယ် ဆိုတာကတော့ ငြင်းမရပါဘူး။
လက်ရှိပုံစံကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရာသီကုန်မှာ အသင်းကို ပရီးမီးယားလိဂ်မှာပဲ တင်ကျန် နေရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့မယ် ဆိုရင်တော့ ဒါက ဂျရတ်အတွက် အောင်မြင်မှု ရတယ် ဆိုရမှာ ဖြစ်ပါတယ်။

ZG
အက္စတြန္ဗီလာကို နည္းျပသစ္အျဖစ္နဲ႔ေရာက္ရွိလာၿပီးေနာက္မွာ စတီဗင္ဂ်ရတ္က အသင္းကို ႏွစ္ပြဲဆက္တိုက္ အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။ မေန႔က ကစားခဲ့တဲ့ ပဲေလ့စ္နဲ႔ပြဲမွာလည္း ဗီလာက ၁-၂ နဲ႔ အေဝးကြင္းမွာ အႏိုင္ရရွိခဲ့ၿပီး အဆင့္ ၁၁ ေနရာကို ျပန္ေရာက္ လာခဲ့ပါတယ္။
အခုလို ႏိုင္ပြဲ ၂ပြဲရရွိခဲ့တာဟာ ဒီပြဲေတြမတိုင္ခင္ ကစားခဲ့တဲ့ ေနာက္ဆုံး ၈ ပြဲမွာ ဗီလာတို႔ အႏိုင္ရခဲ့တဲ့ ပြဲ အေရအတြက္ ထက္ ၁ ပြဲပိုေနခဲ့ပါတယ္။ ဂ်ရတ္ေရာက္မလာခင္မွာ ဗီလာရဲ႕ေနာက္ဆုံး ၈ ပြဲမွာ ၁ ပြဲတည္းသာ အႏိုင္ရခဲ့တာ ျဖစ္ၿပီး ၅ ပြဲဆက္တိုက္ ရႈံးနိမ့္ထားခဲ့တာပါ။
အခုေတာ့ ဒီအေျခအေနေတြအားလုံးကို ဂ်ရတ္က ေျပာင္းျပန္လွန္ျပခဲ့ၿပီး သူ႔လက္ထက္ပြဲဦးထြက္ ၂ပြဲမွာ ၆ မွတ္ ရယူေပးသြားခဲ့ပါတယ္။ ဒါ့အျပင္ ၁၉၉၈ ေနာက္ပိုင္း အက္စတြန္ဗီလာကို တာဝန္ယူခဲ့တဲ့နည္းျပေတြထဲမွာ ပြဲဦးထြက္ ၂ပြဲကို ႏိုင္ပြဲရေအာင္စြမ္းေဆာင္ေပးႏိုင္တဲ့ ပထမဆုံးနည္းျပအျဖစ္နဲ႔လည္း ဂ်ရတ္က မွတ္တမ္းဝင္သြားခဲ့ပါတယ္။
လီဗာပူးလ္ကစားသမားေဟာင္းနဲ႔ ရိန္းဂ်ားစ္နည္းျပေဟာင္းဟာ ရလဒ္ေတြဆိုး႐ြားေနတဲ့ ဗီလာကို တာဝန္ယူဖို႔ ေရာက္ရွိလာခဲ့ခ်ိန္မွာ အားလုံးရဲ႕ သံသယမ်က္ဝန္းေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ အဆင္ေျပပါ့မလားလို႔ ေစာင့္ၾကည့္ခံခဲ့ရပါတယ္။
အခုေတာ့ သူက သံသယမ်က္ဝန္းေတြေအာက္ကေန ႐ုန္းထြက္ႏိုင္ခဲ့သလို အားလုံးရဲ႕ အသိအမွတ္ျပဳမႈကိုပါ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ ေျပာဖို႔ေစာေနေသးတယ္ ဆိုေပမယ့္ အသင္းကို အေကာင္းဆုံး ဆြဲတင္ေပးေနတယ္ ဆိုတာကေတာ့ ျငင္းမရပါဘူး။
လက္ရွိပုံစံကိုသာ ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး ရာသီကုန္မွာ အသင္းကို ပရီးမီးယားလိဂ္မွာပဲ တင္က်န္ ေနရစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့မယ္ ဆိုရင္ေတာ့ ဒါက ဂ်ရတ္အတြက္ ေအာင္ျမင္မႈ ရတယ္ ဆိုရမွာ ျဖစ္ပါတယ္။