စနေ မန်ချက် ဂိုးအပြတ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ဒီည ဆောက်သမ်တန် – မန်ချက်စတာ ယူနိုက်တက် ပွဲကြိုခန့်မှန်း
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညနေ အစောပိုင်းမှာ အဝေးကွင်း သွားပြီး ဆောက်သမ်တန် အသင်းကို ပရီးမီးယားလိဂ် ပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။
မန်ယူဆို အရှုံးနဲ့ သရေသာ မှန်းလေ့ ရှိတဲ့ ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်က ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် ဂိုးပြတ် နိုင်မယ်လို့ ကြိုတင်သုံးသပ်လာပါတယ်။
ခရစ်ဆက်တန် ရဲ့ သုံးသပ်ချက်

၃ ပွဲ ကစား ၃ ပွဲလုံး ရှုံးထားတဲ့ ဆောက်သမ်တန်က ဒီရာသီ အစ မကောင်းတာ သေချာပါတယ်။ သူတို့ ကစားပုံမှာ ဟာကွက်တွေ များနေပါတယ်။
စိန့်နည်းပြ ရက်ဆဲလ်မာတင်ရဲ့ နောက်တန်းကနေ ကစားကွက် စတင်စေပုံဟာ ပြီးခဲ့တဲ့ရာသီ ဘန်လေနဲ့တောင် ယှဉ် ပြောခံနေရတယ်။ သူတို့မှာ ကိုယ်ပိုင် ဖလော်လည်း ရှိပါတယ်၊ ဒီတော့ ကျွန်တော် စိတ် မကောင်းပါဘူး။
ဒီပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲဦးမှာပါ။ အဲရစ်တန်ဟက် ဘက်မှာကလည်း သူ့ ပြသနာတွေနဲ့ သူ ရှိနေတယ်။ လူ တော်တော်များများက ယူနိုက်တက် ရဲ့ ပွဲရလဒ်တွေကို မမျှော်ချင် မမှန်းချင်တော့ဘူး။ ဒါပေမယ့် ဒီပွဲကတော့ သူတို့ မှန်းသင့်ပါတယ်။ ယူနိုက်တက် က စိန့်တွေ အတွက် အင်အား တောင့်တင်းလွန်းတယ်။
ဆောက်သမ်တန်ကတော့ ရဲရဲရင့်ရင့် ရင်ဆိုင် ကစားမှာပဲ။ ဒီတော့ အခွင့်အရေးတွေ ပေးမိမှာလည်း ဖြစ်တယ်။
မားကပ် ရက်ဖို့ဒ်က ဒီတလော ထရိန်နင်မှာ အချိန်ပိုတွေ ဆင်းပြီး လေ့ကျင့်ေ်နတာ တွေ့ရတယ်။ ဒီပွဲမှာ ယူနိုက်တက် က ဂိုးတွေသွင်း အနိုင်ရမယ် လို့ ခန့်မှန်းချင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
ဆောက်သမ်တန် ဝ-၂ မန်ချက်စတာ ယူနိုက်တက်။