ရက်ဖို့ဒ် ဂိုးပေါက် ပြန်တွေ့အောင် အချိန်ပို ထရိန်နင်ပေး မောင်းခဲ့ကာ အလုပ်ဖြစ်စေခဲ့တဲ့ နစ္စတယ်ရွိုင်း နာမည်ကောင်း ရနေ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ ဆောက်သမ်တန်နှင့်ပွဲတွင် မားကပ်စ်ရက်ဖို့ဒ် ဂိုးသွင်းလာနိုင်ပြီးနောက် လက်ထောက် နည်းပြဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှူး ရုဒ် ဗန် နစ္စတယ်ရွိုင်းရဲ့ တုံ့ပြန်မှုအပေါ် နှစ်သက်သဘောကျလျက်ရှိကြပါတယ်။

အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှုါ် ရက်ဖို့ဒ်ဟာ ယနေ့ည ဆောက်သမ်တန်အား ၃-၀ ဂိုးဖြင့် အဝေးကွင်းနိုင်ပွဲတွင် ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအား သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးရက်ဖို့ဒ်ဟာ အဝေးထောင့်သို့ လှပစွာ ဝေ့ဝိုက်ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ မတ်လ ၉ ရက်နေ့တုန်းက အဲဗာတန်နှင့်ပွဲတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် ရက်ပေါင်း ၁၈၉ ရက်ကြာတွင် ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွ့င်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ မတ်လ ၁၇ ရက်နေ့တုန်းက လီဗာပူးနှင့် အက်ဖ်အေဖလားပွဲတွင် ဂိုးသွင်းပြီးနောက် ပထမဆုံးဂိုးသွင်းလာတာလည်း ဖြစ်ပါတယ်။

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ နွေရာသီတွင် ယူနိုက်တက်သို့ လက်ထောက်နည်းပြအဖြစ် တကျော့ပြန် ရောက်လာပြီးနောက် ရက်ဖို့ဒ်ရဲ့ ဂိုးပေါက်ပျောက်မှု အဆုံးသတ်ရန်အတွက် အချိန်ပို လေ့ကျင့်ခန်းများပေးကာ လေ့ကျင့်ပေးလာသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာ ရက်ဖို့ဒ် ဂိုးသွင်းယူနိုင်ပြီးနောက် နည်းပြထိုင်ခုံတန်းမှ ရှေ့ထွက်လာကာ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်များဟာ နစ္စတယ်ရွိုင်းရဲ့ ကျေနပ်အားရ နေမှုအပေါ် နှစ်သက်သဘောကျလျက်ရှိကြပြီး ဆိုရှယ်မီဒီယာမှာ တင်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ဗန်နစ္စတယ်ရွိုင်း။ ယူနိုက်တက်ဂန္ထဝင်တစ်ဦးလည်း ဖြစ်တယ်။ ရက်ဖို့ဒ်ဂိုးသွင်းနိုင်ဖို့ ဘယ်လောက် စိတ်အားထက်သန်နေလဲ တွေ့နိုင်တယ်။ သူ့တုံ့ပြန်မှုက လူငယ်အင်္ဂလိပ်ကစားသမားမှာ ပါရမီ ဘယ်လောက်ရှိတယ်၊ အလားအလာဘယ်လောက် ရှိတယ်ဆိုတာ မြင်နိုင်တယ်”လို့ ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း “ရက်ဖို့ဒ် ဂိုးအတွက် ဘယ်လောက်တောင် ဝမ်းသာနေလိုက်သလဲ။ RVN (ရုဒ်ဗန်နစ္စတယ်ရွိုင်း)က ယူနိုက်တက်အပေါ် တကယ်ပဲ ရိုက်ခတ်စေတယ်”လို့ ဆိုသွားပါတယ်။

နောက်တစ်ဦးလည်း “သူ့ကို ကြည့်ရတာ အရမ်းဂုဏ်ယူနေပုံပဲ”လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ဆောက်သမ်တန်နှင့်ပွဲတွင် မိနစ် ၃၀ အထိ ကစားပုံမကောင်းခဲ့ဘဲ တိုက်စစ်မဆင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါလော့ကြောင့် ပင်နယ်တီပေးလိုက်ရပေမဲ့ အိုနာနာက ကာကွယ်နိုင်ပြီးနောက် ပွဲအလှည့်အပြောင်း ဖြစ်ကာ ၆ မိနစ် အတွင်း မားသီးယက်စ်ဒီလက်နှင့် မားကပ်စ်ရက်ဖို့ဒ်တို့ရဲ့ ဂိုးဖြင့် ပထမပိုင်းမှာ ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် နာကျင် အချိန်ပိုတွင် ဂါနာချိုက ယူနိုက်တက်တို့ ၃-၀ ဂိုးဖြင့် အနိုင်ရစေမဲ့ တတိယဂိုးအား ထပ်မံသွင်းယူခဲ့ပါတယ်။