ဒီလစ် အပါအဝင် ယူနိုက်တက် အသင်းသားတွေရဲ့ ဒဏ်ရာ အခြေအနေအား ပွဲပြီးမှာ တန်ဟက် ဖွင့်ဟပြောဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က စနေနေ့က ဆောက်သမ်တန်နဲ့ ပွဲ အပြီးမှာ ဒီလစ် အပါအဝင် ယူနိုက်တက် အသင်းသား ၆ ဦး ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး အသိပေး ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၃-ဝ နဲ့ အနိုင်ယူခဲ့တဲ့ ပွဲမှာ ယူနိုက်တက် နောက်ခံလူသစ် ဒီလစ်က ပွဲပြီးခါနီး လူစားလဲခဲ့ရပါတယ်။

အဲဒီအချိန်မှာ မာတီနက်ဇ်နဲ့ မာဇာရာဝီ တို့ကိုလည်း ယူနိုက်တက်က ကြိုတင် ကာကွယ်တဲ့အနေနဲ့ လူစားလဲ ထားပြီး ဖြစ်ပါတယ်။

နည်းပြ တန်ဟက်က ” ဒီလစ်က နည်းနည်း ကြွက်တက်တာလောက်ပဲ ထင်ပါတယ်။ (မာတီနက်ဇ်နဲ့ မာဇာရာဝီ) သူတို့ကတော့ နိုင်ငံပွဲတွေ ကစားပြီး ပြန်လာရတာ ရှိတယ်၊ တချို့ဆိုလည်း ရာသီကြိုမှာ သိပ်မမှီတာမျိုး၊ အသင်း ပြန်လာတာ နောက်ကျတာမျိုး ရှိတယ်လေ။ ဒီပွဲကန်ရတာလည်း စောတော့ ကစားသမားတွေက ရုန်းကန်ရနိုင်တယ်။

ဘယ်သူမှတော့ ပြင်းပြင်းထန်ထန် ထိခိုက်တာမျိုး မရှိဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ကျရင် အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ပြီး အခြေအနေ သိရမှာပါ။ ” လို့ အသိပေး ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ ဒဏ်ရာ ရ စာရင်းမှာ မေဆန်မောင့်၊ ဟွိုင်လန်း၊ လုခ်ရှော တို့ ရှိနေပြီး ၎င်းတို့ကလည်း ဒီကြားရက် ကစားမယ့် ဘန်စ်လေနဲ့ လိဂ်ဖလား ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

” ဒီအချိန်ကတော့ ပွဲတွေ အများကြီး ကစားစရာ ရှိနေတော့ အရေးကြီးတဲ့ ကာလပါပဲ။ ကျွန်တော်တို့ ၂၂ ရက် အတွင်း ၇ ပွဲ ကစားရမယ် ထင်တယ်။ ဒါကြောင့် အားလုံး ပြန် ကစားနိုင်၊ ပြေးလွှားနိုင်ဖို့ မျှော်လင့်နေပါတယ်။

နောက်ပွဲ အတွကေ်တာ့ ပြသနာ မရှိလောက်ဘူး။ ဒါပေမယ့် နောက်အပတ်တွေထဲမှာတော့ သူတို့ ပြန်လာကြဖို့ မျှော်လင့်ပါတယ်။ ” လို့ တန်ဟက်က ဆက်လက် ပြောဆိုခဲ့ပါတယ်။