ရပ်ရှ်ဖို့ဒ်ကို သူ့ရဲ့ မူပိုင် နာမည်ကြီး အောင်ပွဲခံတဲ့ ဟန်နဲ့ ပြန်မြင်ချင်တဲ့ ဂါနာချိုက လမ်းကြောင်းပေးခဲ့တာ ကြည်နူးစရာပါ

မနေ့ညက ဘန်စလေကို (၇) ဂိုးပြတ်နဲ့ ယူနိုက်တက်က နိုင်တဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ် ဂိုးသွင်းပြီးတော့ ဂါနာချိုက ရပ်ရှ်ဖို့ဒ်ကို သူ့ရဲ့ ကိုယ်ပိုင်ဟန်အတိုင်း အောင်ပွဲခံဖို့ အသိပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ဂါနာချိုက ရပ်ရှ်ဖို့ဒ်ရဲ့ နာမည်ကြီး အောင်ပွဲခံဟန်ဖြစ်တဲ့ နားထင်ကို လက်နဲ့ထောက်ရင်း လုပ်ပြခဲ့တာပါ။

အဲ့ဒီနောက် ရပ်ရှ်ဖို့ဒ်ကလည်း ဒီအတိုင်းပဲ အောင်ပွဲခံခဲ့ပြီး ဂါနာချိုကလည်း အတူတူ အောင်ပွဲခံသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ဆုံး နှစ်ပွဲဆက်တိုက် နိုင်ပွဲတွေအတွက် ခြေစွမ်းပြထားကြပါတယ်။

နှစ်ယောက်ပေါင်းပြီး နောက်ဆုံး နှစ်ပွဲဆက်မှာ (၃) ဂိုးစီ သွင်းထားသလို သူတို့ဆီကနေ ဂိုးဖန်တီးမှု (၃) ကြိမ်လည် ထွက်ထားတာပါတယ်။

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေ ဒီလိုမျိုး ခြေစွမ်းပြနေတာကို မြင်ရတာ စိတ်ကျေနပ်စရာကောင်းမှာ သေချာပါတယ်။