လီဗာပူးနဲ့ပွဲကို သတိမရပါဘူးလို့ ဘန်စလေကို ၇ဂိုးပြတ် နိုင်ပွဲအပြီး တန်ဟက် ပြောဆို

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ဘရန်စလေကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ၇-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒီပွဲ ရလဒ်ဟာ နည်းပြ တန်ဟက်ရဲ့ ယူနိုက်တက် နည်းပြ ဘဝ ဂိုးအပြတ်ဆုံး အိမ်ကွင်း နိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲအပြီးမှာ နည်းပြ အဲရစ် တန်ဟက်က ၇ဂိုးပြတ် ဆိုတဲ့ ရလဒ်ကြီးကို ထွေထွေထူးထူး ခံစားမှုတွေ မရှိဘူးလို့ ပြောပါတယ်။

တန်ဟက် ” ကျနော်တို့ နိုင်ခဲ့တယ်၊ နောက်တစ်ဆင့် တက်သွားတယ်၊ ကောင်းမွန်တဲ့ သွင်းဂိုးတွေလည်း ရခဲ့တယ်။ ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်တာအတွက် ပျော်ရွှင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အဲရစ် တန်ဟက်ကတော့ ” လီဗာပူ းပွဲရလဒ်ကို (အိုးထရက်ဖို့ဒ်က ရှုံးပွဲ) ကျနော် ကြေကွဲမနေပါဘူး။ ဒီနေ့ ဘန်စလေကို ၇-ဝဝ ဖြင့် နိုင်တော့လည်း ထူးပြီး အောင်ပွဲခံမနေဘူး။

ကျနော်တို့က ခရီးရှည်ကြီး သွားရဦးမှာပါ။ ဘယ်နေရာထိရောက်မလဲ မေလလောက်မှာ သိရပါမယ် ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

နည်းပြ တန်ဟက်ရဲ့ လူထုတ်ပုံနဲ့ လူစားလဲမှုတွေဟာ အလုပ်ဖြစ်ခဲ့ပြီး ရက်ဖိုဒ့်၊ အန်တိုနီ၊ ဂနာချိုနဲ့ အဲရစ်ဆင်တို့ အားလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ကိုလည်း ၃-၀ ဖြင့် အနိုင်ရခဲ့သေးတာမို့ ရက်ဖိုဒ့် ဦးဆောင်တဲ့ ယူနိုက်တက် တိုက်စစ်ဟာ အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ၃-၀ ဖြင့် ရှုံးအပြီး သွင်းဂိုး ၁၀ ဂိုးထိ ရရှိခြင်း ဖြစ်ပါတယ်။