စနေည သွင်းဂိုးတွေ မြိုင်ဆိုင်ပြီး မန်ယူတော့ မနိုင်ဘူး လို့ ခရစ္စတယ်ပဲလေ့စ် ပွဲကြို ပေါမာဆန် ဟောကိန်းထုတ်

ဒီတလော နှစ်ပွဲဆက် နိုင်ပွဲ ယူထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့နေပြီး မနက်ဖြန် စနေနေ့ ညမှာ အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဘောလုံးပွဲ ဝါရင့် သုံးသပ် ဆရာကြီး ပေါမာဆန်က ပဲလေ့စ်နဲ့ ယူနိုက်တက် တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မနှစ်တုန်းက ဒီလိုပွဲ ဘာဖြစ်ခဲ့လဲ ကျနော်တို့ မှတ်မိကြပါတယ်။ ဒါပေမယ့် အတိတ်က ကျန်ခဲ့ပါပြီ။ ကာရာဘောင်းဖလားမှာ ဘန်စလေကို ရင်ဆိုင်ပြီး ယူနိုက်တက်က သိပ်ကောင်းခဲ့တယ်။

လီဗာပူး ဖျက်ဆီးတာ ခံခဲ့ရတဲ့ ယူနိုက်တက်က အဲ့လောက်လည်း မဆိုးရွားပါဘူး လို့ ဘန်စလေဘက်က တွေးနေတော့မှာပဲ။ နှစ်သင်းကြား ကွာဟမှု သိပ်ကြီးပေမယ့် ဘန်စလေကို နိုင်ခဲ့တာက ယူနိုက်တက်အတွက် သိပ်ကောင်းပါတယ်။

ဒီအပတ် ပရီးမီးယားလိဂ် ပွဲကို ယူနိုက်တက် အနိုင်ရရင် လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနိုင်ပါလိမ့်မယ်။ ကျနော်ကတော့ ဂိုးများမယ် တွေးမိတယ်။

ရက်ဖိုဒ့် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်တယ်။ ယူနိုက်တက်က ပဲလေစ့်ကို ဖွင့်ကစားမှာဖြစ်ပြီး အီဇီနဲ့ မာတီတာတို့ ပြဿနာကြီးတွေ မပေးနိုင်ဘူးဆိုရင် အံ့ဩမိမှာပါပဲ။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်

ခရစ္စတယ်ပဲလေ့စ် ၂-၂ မန်ချက်စတာ ယူနိုက်တက်။