ဒီအပတ် မန်ယူ မနိုင်လောက်ဘူး လို့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကြို သုံးသပ်ခန့်မှန်းချက် ထုတ်လာတဲ့ အလန်ရှီးယား

နည်းပြတန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

နယူးကာဆယ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က မန်ချက်စတာ ယူနိုက်တက်ဟာ အဝေးကွင်းမှာ ပဲလေ့စ် ကို မနိုင်လောက်ဘူးလို့ ယူဆထားပါတယ်။

ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

အလန်ရှီးယားရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ အပတ် ဆောက်သမ်တန်နဲ့ပွဲမှာ လိုအပ်တဲ့ နိုင်ပွဲကို ရသွားခဲ့တယ်။ အဲဒီ ရလဒ်ထက် တခြား ဘယ်လို ရလဒ်ကမှ လက်ခံနိုင်စာ ဖြစ်မှာ မဟုတ်ဘူး။ ဒီအပတ်ကတော့ ပိုခက်တဲ့ စိန်ခေါ်မှုက ရှိနေပါပြီ။

ယူနိုက်တက် အတွက် အကောင်းမြင်စရာကတော့ ပဲလေ့စ်ကလည်း ဒီရာသီ အခြေမကျသေးဘူး၊ မစတင်နိုင်သေးဘူး ဖြစ်နေပါတယ်။

ဒီပွဲကလညး မှန်းရခက်ပါတယ်။ Selhurst Park ကွင်းမှာ အားပေးမှုကတော့ သိပ်ကောင်းနေမှာပဲ။ ကျွန်တော်ကတော့ သရေ လို့ပဲ မှန်းလိုက်မယ်။