မန်ယူ ကစားသမားဟောင်း တစ်ဦး ဒုက္ခပေးခဲ့လို့ ပွဲ မနိုင်ခဲ့တာ လို့ သုံးသပ်ဝန်ခံခဲ့တဲ့ နည်းပြတန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားခဲ့ရာ ပွဲကို ထိန်းချုပ် လွှမ်းမိုးထားနိုင်သည့်တိုင် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။

ဒီ သရေပွဲ ရလဒ်ဟာ ပြိုင်ဘက်အသင်း ဂိုးသမား ဒင်း ဟန်ဒါဆန် ကောင်းနေတာကြောင့်လို့ နည်းပြ တန်ဟက်က ယူဆပါတယ်။

ဒင်း ဟန်ဒါဆန် ဟာ ယူနိုက်တက် ဂိုးသမားဟောင်း တစ်ဦး ဖြစ်ပြီး ညကပွဲမှာ အတော် လက်စွမ်းပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ်ထိ ရှိခဲ့သလို အပိုင် အခွင့်အရေးတွေလည်း ပါဝင်ခဲ့ပေမယ့် ပဲလေ့စ်ခံစစ်နဲ့ ဂိုးသမားက ကောင်းလွန်းနေခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်က ” ဂိုးသမား တစ်ယောက် အတွက် ခက်ခဲတဲ့ အနေအထားတွေမှာ ဒင်း ဟန်ဒါဆန်က ကောင်းကောင်း ကစားခဲ့တယ်။ သူက ဘောလုံးပေါင်း များစွာကို ရပ်တန့်ခဲ့ပါတယ်။ သူ ပုံစံကောင်းရနေခဲ့တာပါ။

ဒါပေမယ့် အိုနာနာကလည်း မှန်ကန်တဲ့ အခိုက်အတန့်တွေကို အာရုံစိုက်ထားပြီး စိတ်ရှည်ရှည်နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဒီပွဲအပြီး ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက်က အဆင့် ၁၀ နေရာက စပါးနဲ့ ရမှတ်တူ အဆင့် ၁၁ မှာ ရှိနေပါတယ်။