ကွင်းသစ်ဒီဇိုင်းအပ်လိုက်ခြင်း၊ တန်ဟက်ရဲ့ မကျေနပ်မှု၊ ဂိုးမက်ဇ် ပြန်ခေါ်ဖွယ်ရှိ၊ ဂိုရက်ဇ်ကာ ကို စောင့်ကြည့်ခြင်းနဲ့ မန်ယူ သတင်းတိုများ
၂ ပွဲ ဆက်တိုက်ဂိုးသွင်းပြီး ခြေစွမ်းပြနေခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ဟာ ပဲလေ့စ်နဲ့ပွဲမှာတော့ အရန်လူစာရင်းမှာသာ ပါဝင်လာခဲ့ပါတယ်။ ၎င်းက ကြွက်သားဒဏ်ရာ အနည်းငယ်ရရှိထားတယ်လို့လည်း ဆိုပါတယ်။
ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ ပဲလေ့စ်ကို သူတို့က ၂-ဝ၊ ၃-ဝ လောက်တဲ့တောင် ဂိုးပြတ် နိုင်ခဲ့သင့်တာ ဖြစ်ကြောင်း မချင့်မရဲ ပြောဆိုနေပါတယ်။
မန်ယူအသင်းဟာ လိုင်လီနဲ့ ၂၀၂၅ အထိသာ စာချုပ်သက်တမ်းကျန်ရှိနေတဲ့ အသင်း အကယ်ဒမီ ကစားသမားဟောင်း ဂိုးမက်ဇ်ကို ပြန်လည် ခေါ်ယူလိုနေကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲဖို့ သတင်းထွက်ပေါ်နေတဲ့ ကွင်းလယ်လူ ဂိုရက်ဇ်ကာကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။
မန်ယူကနေ ချယ်ဆီးထံ အငှားထွက် ကစားနေတဲ့ ဆန်ချို ဟာ ချယ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု စတင် ပြုလုပ်ထားပြီ ဖြစ်ပြီး မန်ယူမှာ ထိုသို့ ပြုလုပ်နိုင်ဖို့ ၇ လ ထိ အချိန် ယူခဲ့ရတာပါ။
မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းနေရာတွင်ပင် ကွင်းသစ်တည်ဆောက်ရေး ကွင်းဒီဇိုင်းအတွက် ကမ္ဘာကျော် ဗိသုကာအုပ်စုကို အပ်နှံလိုက်ပါတယ်။
Foster + Partners က ယူနိုက်တက်ပိုင် ကွင်းမြေနေရာတွင် ကွင်းသစ်တည်ဆောက်ရေး ဒီဇိုင်းဖန်တီးလာမှာ ဖြစ်ပါတယ်။