မန်ယူကို အထာကိုင်နေပေမယ့် ရီးရဲလ်ကတော့ အလွတ်နဲ့တောင် မခေါ်ဖို့ ဖြုတ်ချခံရတဲ့ ပေါ့ဘာ
ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာကို ဂျူဗင်တပ် မှာ ကစားစဉ်ထဲက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ပေါ့ဘာ တယောက် မန်ယူထံ ပြောင်းရွှေ့ပြီးနောက် လည်း ပေါ့ဘာနဲ့ အမြဲတမ်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် ပေါ့ဘာ တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းက ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိမ့်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ် မက်ဒရစ် အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပုံဖော်သွားမယ့် အသင်းရဲ့ အပြောင်းအရွှေ့ စီမံကိန်းနဲ့ ပတ်သတ်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးမှာပဲ ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရင်တောင် မခေါ်ယူဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးစားပေး အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် လုပ်ခလစာ မြင့်မားမယ့် ပေါ့ဘာကို မခေါ်ယူပဲ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ မိုဒရစ်ကိုသာ စာချုပ်သစ် ချုပ်ဆိုဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကလည်း အတည်ပြုထားပါတယ်။
ဒါကြောင့် ပေါလ်ပေါ့ဘာအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင်တောင် သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းတို့ဆီသာ ပြောင်းရွှေ့နိုင်ဖို့ အလားအလာ များနေပါတယ်။

ZG
ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာကို ဂ်ဴဗင္တပ္ မွာ ကစားစဥ္ထဲက ေခၚယူဖို႔ စိတ္ဝင္စားခဲ့တာ ျဖစ္ၿပီး ေပါ့ဘာ တေယာက္ မန္ယူထံ ေျပာင္းေ႐ႊ႕ၿပီးေနာက္ လည္း ေပါ့ဘာနဲ႔ အၿမဲတမ္း အေျပာင္းအေ႐ႊ႕ သတင္းေတြ ထြက္ေပၚခဲ့တဲ့ အသင္းလည္း ျဖစ္ပါတယ္။
ဒါေၾကာင့္ ေပါ့ဘာ တေယာက္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ၂၀၂၂ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ရီးရဲလ္မက္ဒရစ္အသင္းက ေပါ့ဘာကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူလိမ့္မယ္ ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။
ဒါေပမယ့္ နာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ Marca သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္ မက္ဒရစ္ အသင္းဟာ လာမယ့္ ၂၀၂၂ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ပုံေဖာ္သြားမယ့္ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ စီမံကိန္းနဲ႔ ပတ္သတ္ၿပီး အစည္းအေဝး ျပဳလုပ္ခဲ့ရာ အဆိုပါ အစည္းအေဝးမွာပဲ ေပါ့ဘာကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရင္ေတာင္ မေခၚယူဖို႔ အၿပီးသတ္ ဆုံးျဖတ္ခ်က္ ခ်လိုက္ေၾကာင္း သိရပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ ၂၀၂၂ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို ဦးစားေပး အင္အားျဖည့္တင္းဖို႔ ဆုံးျဖတ္ထားၿပီး အမ္ဘာေပနဲ႔ ဟာလန္းတို႔ ႏွစ္ဦးစလုံးကို တၿပိဳင္နက္ထဲ ေခၚယူဖို႔ စီစဥ္ေနတာေၾကာင့္ လုပ္ခလစာ ျမင့္မားမယ့္ ေပါ့ဘာကို မေခၚယူပဲ အသင္းရဲ႕ ဝါရင့္ ကြင္းလယ္လူ မိုဒရစ္ကိုသာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ဦးစားေပး လုပ္ေဆာင္ေနေၾကာင္း ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ နီးစပ္တဲ့ သတင္းေထာက္ေတြကလည္း အတည္ျပဳထားပါတယ္။
ဒါေၾကာင့္ ေပါလ္ေပါ့ဘာအေနနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ရင္ေတာင္ သူ႔ရဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္အသင္းနဲ႔ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းတို႔ဆီသာ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ အလားအလာ မ်ားေနပါတယ္။