တန်ဟက်ကို ဘယ်အချိန် လမ်းခွဲမလဲ အသိပေးထားခြင်း၊ အစားထိုး ခန့်အပ်ဖို့ စကားပြောထားတဲ့ နည်းပြများ
လတ်တလောမှာတော့ နည်းပြတန်ဟက်ဟာ ယူနိုက်တက်မှာ ဒီအပတ် ဆက်လက် တာဝန်ယူခွင့်ရမှာဖြစ်ပေမယ့် နောက်ရာသီမှာတော့ သေချာပေါက် ရာထူးမှာ ဆက်ရှိနေတော့မှာ မဟုတ်ကြောင်း အသိပေးခံထားရတယ် လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြရာထူးအတွက် တန်ဟက်ကို ထုတ်ပယ်ခဲ့ရင် ဘယ်သူ့ကို အစားထိုး ခန့်ထားမလဲ ဆိုတာ အတွက် ဒါဇင်ဝက်လောက်ရှိတဲ့ နည်းပြတွေနဲ့ သရဲနီအကြီးအကဲတွေ စကားပြောမှု လုပ်ခဲ့တယ်လို့ တယ်လီဂရပ် သတင်းဌာန က ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်တုန်းက ကလပ်ရဲ့ ရပ်တည်မှုကို ကြည့်ပြီး တန်ဟက်ကို ဆက်လက် တာဝန်ပေးမလား ယူနိုက်တက်တို့ အကဲဖြတ်ရာမှာ အက်ဖ်အေဖလား အောင်မြင်စေခဲ့သလို အသင်းမှာ အချိန်တစ်ခုထိ ကိုင်တွယ်ထားတဲ့ နယ်သာလန်သားကိုပဲ ဆက်လက် နေရာပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆာဂျင်ရက်ကလစ်ကတော့ သူ့ရဲ့ စိတ်ကြိုက် နည်းပြစာရင်းမှာ အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကို ထိပ်ဆုံးက ထည့်သွင်းထားကာ လာမယ့် သီတင်းပတ်တွေမှာ တန်ဟက်နေရာ အစားထိုးဖို့ ဖြစ်လာခဲ့ရင် ဆောက်ဂိတ်နဲ့ စကားပြောမှု လုပ်နိုင်ပါတယ်။
၎င်း အပြင် နွေတုန်းက စကားပြောခဲ့ဖူးတဲ့ သောမက်စ် ဖရန့်၊ သောမက်စ်တူချယ်၊ မာကိုစ် ဆေးဗား တို့ဟာလည်း မန်ချက်စတာကလပ်ရဲ့ နည်းပြသစ် ဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက် ဒါရိုက်တာတွေက စပါးနဲ့ ပွဲ အပြီး မှာ သေသေချာချာ ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြကာ တန်ဟက်ကို ချက်ခြင်းကြီး ထုတ်ပယ်ခြင်း မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။