ပွဲကလည်း မနိုင်၊ အရန်ကနေပဲ ဝင်ကစားရတဲ့ ရော်နယ်ဒို တစ်ယောက် ပွဲပြီး ဒေါသကြီးနေ
ခရစ္စတီယာနို ရော်နယ်ဒို ဟာ ညက ချဲလ်ဆီးနဲ့ မန်ယူ အသင်းနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ဒေါသတကြီးနဲ့ စတမ်းဖို့ဘရစ်ခ်ျရဲ့ ဥမင်လှိုဏ်ခေါင်းထဲကို ဝင်သွားခဲ့ပါတယ်။ ရော်နယ်ဒို ဟာ ဒီပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး (၆၄)မိနစ် အရောက်မှ ဆန်ချိုနဲ့ လူစားလဲပြီး ဝင် ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကို ပွဲထွက်ကနေ ချန်လှပ်လိုက်တဲ့ ကားရစ် ဆုံးဖြတ်ချက်ဟာ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ရှင် ချဲလ်ဆီး ဆီကနေ သရေ တမှတ်ခွဲယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ဒီပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့လို့ မပျော်မရွှင်ဖြစ်နေပြီး စိတ်ပျက်စရာ ညနေခင်းလည်း ဖြစ်ခဲ့တာပါ။
ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုလည်း မပြုလုပ်နိုင်ခဲ့သလို သူ့ရဲ့ကြိုးစားမှုတွေကလည်း အရာ မထင် ခဲ့ပါဘူး။ ဒါ့အပြင် ချဲလ်ဆီးကို ဘောလုံးပေးကန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီး အန်သိုနီတေလာ ကို စောဒကတက်ခဲ့လို့ အဝါကတ် ပြသလည်း ခံခဲ့ရပါသေးတယ်။
ပွဲပြီးသွားတဲ့ အချိန်မှာ ရော်နယ်ဒို ဟာ ဒေါသတကြီးဖြစ်နေခဲ့ပြီး ချဲလ်ဆီး ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေကို လက်ဆွဲနှုတ်ဆက်ခြင်းတောင် မရှိတော့ပဲ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ စတမ်းဖို့ဘရစ်ချ်ကို လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကိုတောင် နှုတ်ဆက်ခြင်း မရှိခဲ့ပါဘူး။
ရော်နယ်ဒို ဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ် တို့နဲ့ ပွဲတွေမှာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စပါးအသင်းနဲ့ ပွဲ တပွဲတည်းသာ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ZG
ခရစၥတီယာနို ေရာ္နယ္ဒို ဟာ ညက ခ်ဲလ္ဆီးနဲ႕ မန္ယူ အသင္းနဲ႔ တဖက္တဂိုးစီ သေရက်ခဲ့တဲ့ ပြဲအၿပီးမွာ ေဒါသတႀကီးနဲ႔ စတမ္းဖို႔ဘရစ္ခ္်ရဲ႕ ဥမင္လႈိဏ္ေခါင္းထဲကို ဝင္သြားခဲ့ပါတယ္။ ေရာ္နယ္ဒို ဟာ ဒီပြဲမွာ အရန္ကစားသမားအျဖစ္သာ ပါဝင္ခြင့္ရခဲ့တာျဖစ္ၿပီး (၆၄)မိနစ္ အေရာက္မွ ဆန္ခ်ိဳနဲ႔ လူစားလဲၿပီး ဝင္ ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒိုကို ပြဲထြက္ကေန ခ်န္လွပ္လိုက္တဲ့ ကားရစ္ ဆုံးျဖတ္ခ်က္ဟာ မေမွ်ာ္လင့္ထားတဲ့ ဆုံးျဖတ္ခ်က္ ျဖစ္ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အိမ္ရွင္ ခ်ဲလ္ဆီး ဆီကေန သေရ တမွတ္ခြဲယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ေရာ္နယ္ဒို ကေတာ့ ဒီပြဲမွာ သူ႔ကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့လို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး စိတ္ပ်က္စရာ ညေနခင္းလည္း ျဖစ္ခဲ့တာပါ။
ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းမႈလည္း မျပဳလုပ္ႏိုင္ခဲ့သလို သူ႔ရဲ႕ႀကိဳးစားမႈေတြကလည္း အရာ မထင္ ခဲ့ပါဘူး။ ဒါ့အျပင္ ခ်ဲလ္ဆီးကို ေဘာလုံးေပးကန္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဒိုင္လူႀကီး အန္သိုနီေတလာ ကို ေစာဒကတက္ခဲ့လို႔ အဝါကတ္ ျပသလည္း ခံခဲ့ရပါေသးတယ္။
ပြဲၿပီးသြားတဲ့ အခ်ိန္္မွာ ေရာ္နယ္ဒို ဟာ ေဒါသတႀကီးျဖစ္ေနခဲ့ၿပီး ခ်ဲလ္ဆီး ကစားသမားေတြနဲ႔ ဒိုင္လူႀကီးေတြကို လက္ဆြဲႏႈတ္ဆက္ျခင္းေတာင္ မရွိေတာ့ပဲ ဥမင္ထဲကို တန္းၿပီးဝင္သြားခဲ့တာျဖစ္ပါတယ္။ ၄င္းဟာ စတမ္းဖို႔ဘရစ္ခ်္ကို လိုက္ပါအားေပးခဲ့တဲ့ ပရိသတ္ေတြကိုေတာင္ ႏႈတ္ဆက္ျခင္း မရွိခဲ့ပါဘူး။
ေရာ္နယ္ဒို ဟာ ဒီရာသီမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးလ္ တို႔နဲ႔ ပြဲေတြမွာလည္း ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး စပါးအသင္းနဲ႔ ပြဲ တပြဲတည္းသာ ဂိုးသြင္းၿပီး ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။