မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သတ်တဲ့ သတင်းတွေကို တုန့်ပြန်ဖြေကြားလိုက်တဲ့ ဂရေဟမ် ပေါ်တာ

နည်းပြ ဂရေဟမ် ပေါ်တာဟာ ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၁၇ လအကြာမှာ မန်ချက်စတာယူနိုက်တက်နည်းပြသစ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပရိသတ်တွေရဲ့ မြင်ကွင်းထဲ ပြန်ပေါ်လာခဲ့ပြီး အဲဒီသတင်းတွေကို မေးမြန်းရာမှာ ဖြေဆိုဖို့ ရှောင်ရှားခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် နည်းပြဟာ စတမ်းဖို့ဒ် ဘရစ်ချ်က နည်းပြသက်တမ်း ၇ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လ ပေါ်တာ ရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့လတွေမှာ လှုပ်လှုပ်ခတ်ခတ် ပြန်ဖြစ်လာခဲ့ပြီး ချဲလ်ဆီးနည်းပြဟောင်းဟာ မန်ချက်စတာယူနိုက်တက်၊ အင်္ဂလန်လက်ရွေးစင်အသင်းအပါအဝင် နာမည်ကြီး အသင်း နည်းပြ နေရာ အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ပေါ်တာဟာ ဖိအားတွေအောက် ရောက်နေတဲ့ အဲရစ် တန်ဟက်ကိုသာ မန်ချက်စတာယူနိုက်တက်က ထုတ်ပယ်ခဲ့မယ်ဆိုရင် နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဆောက်ဂိတ်၊ ဇီဒန်း၊ ပိုချက်တီနိုနဲ့ တူဟယ်တို့လည်း နည်းပြလောင်း စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ စကားပြောဆိုခဲ့သေးလားလို့ မေးမြန်းခဲ့ရာမှာ ပေါ်တာက “မီဒီယာတွေမှာ အခုအချိန်အထိ ကျွန်တော် ဖတ်ခဲ့သမျှက မမှန်တာတွေနဲ့ အမှားတွေ အများကြီးပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်က စတုတ်စီးတီး၊ နာပိုလီနဲ့ တစ်ပတ်တည်းမှာ သတင်းထွက်ဖူးတဲ့ တစ်ဦးတည်းသော နည်းပြလို့ ထင်တယ်။

အဲဒီတော့ မီဒီယာတွေ ပြောသမျှကို ကျွန်တော် ပြောတယ်လို့ပဲ သဘောထားပါတယ်။ ကျွန်တော် လူတွေအများကြီးနဲ့ စကားတွေ အများကြီးပြောခဲ့တယ်။ အားလုံးအပေါ် လေးစားမ ှုရှိတဲ့အနေနဲ့ အဲဒါတွေကို သီးသန့် လျှို့ဝှက်ထားတာ အကောင်းဆုံးပါပဲ။”လို့ ပြောဆိုခဲ့ပါတယ်။